ဘာလော့တယ်လီ ဘက်က ကာကွယ်ပြောကြားခဲ့တဲ့ နိုက်စ်အသင်း

နိုက်စ် အသင်းရဲ့ တိုက်စစ်မှူး ဘာလော့တယ်လီအနေနဲ့ ကွင်းအတွင်း လူမျိုးရေး ခွဲခြားခံခဲ့ရကြောင်း ကွင်းလယ်ဒိုင်လူကြီးကို ပြောကြားခဲ့ရာမှာ အ၀ါကဒ်ပြား ပြသခံခဲ့ရတဲ့အတွက် အ၀ါကဒ်ပြားပြ သတိပေးခြင်းခံခဲ့ရတာနဲ့ ပတ်သက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ တုံပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

နိုက်စ်အသင်းနဲ့ ဒီဂျွန်အသင်းတို့ ၃ ဂိုး ၂ ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တဲ့ ပွဲစဉ်မှာ ဘာလော့တယ်လီ လူမျိုးရေးခွဲခြားခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီးကို အဆိုပါဖြစ်ရပ်ကို ပြောဆိုရာမှာ အ၀ါကဒ်ပြသခံခဲ့ရတာ ဖြစ်တယ်လို့ နိုက်စ် အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

“ဘာလော့တယ်လီကို ပွဲကြည့်စဉ်ကနေပြီး လူမျိုးရေးခွဲခြားခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးကို ပြောဆိုခဲ့ရာမှာ အ၀ါကဒ်ပြသခံခဲ့ရပါတယ်။”

“ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန် တစ်ဦးမဖြစ်ထိုက်သူပါ။ အရင်အချိန်တွေတုံးကဆိုရင် ပွဲကိုရပ်နားပြီး လူမျိုးရေးခွဲခြားခဲ့တဲ့ အခြေအနေကို သုံးသပ်တဲ့ အချိန်တွေထိ ရှိခဲ့ဖူးပါတယ်”

“လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး အစီအစဉ်တစ်ခုဖြစ်တဲ့ Football Against Racism in Europe (FARE) အဖွဲ့အစည်းအနေနဲ့ ဒီနေ့ပွဲစဉ်မှာ ဆောင်ရွက်ခဲ့တဲ့ ဒိုင်လူကြီးကို ဘယ်လိုမျိုး အရေးယူသွားမလည်းဆိုတာကို စောင့်ကြည့်သွားမှာပါ”

“FARE အနေနဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်အပြင် ဒီဂျွန်အသင်း ပရိသတ်တွေကိုလည်း ဘယ်လိုမျိုး လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတာကို အပြင်းထန်ဆုံး တုံ့ပြန်မှု ပြန်လည်တောင်းခံသင့်ပါတယ်။ ဘာလော့တယ်လီဟာ မကြာခဏ လူမျိုးရေးခွဲခြားမှုနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး သူရဲ့အတွေ့အကြံအရ ကွင်းလယ်ဒိုင်လူကြီးကို ဘယ်လိုမျိုး ပြောဆိုခဲ့လည်း ဆိုတာကို ပြန်လည်စိစစ်သွားဖို့ လိုပါတယ်။” ဆိုပြီးနိုက်စ် အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်များ။