VARနည်းပညာကိုမော်ရင်ဟိုထောက်ခံပြောကြား

Thet Htet Lin

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုက VAR နည်းပညာကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟက်ဒါစ် ဖီးလ်အသင်းနဲ့ကစားမယ့် အက်ဖ်အေဖလား ပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်မှာ ပထမဆုံး VAR နည်းပညာကိုအသုံးပြုသွားမှာဖြစ်ပါတယ်။

တချို့သောဝေဖန်သူတွေကတော့ VAR နည်းပညာဟာ ဘောလုံးပွဲတစ်ပွဲကို အချိန်ကြာမြင့်စေတယ် လို့ ဝေဖန်တာတွေရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုကတော့ အဆိုပါနည်းပညာ ဟာ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချနိုင်တာကြောင့် ကျေနပ်တယ်လို့ဆိုပါတယ်။

မော်ရင်ဟိုကပြောကြားရာမှာ – “ ဒါကိုကြိုက်လားမကြိုက်လားမေးတဲ့အခါမှာ တကယ်လို့ ကျွန်တောာ် တို့မကြိုက်ဘူး ၊ ကျွန်တော်တို့ လက်ခံတယ် ၊ လက်မခံဘူး စတဲ့ အချက်တွေဟာ ဒိုင်လူကြီးတွေအ တွက်မေးခွန်းတွေပဲဖြစ်ပါတယ်။ သူတို့လည်း သူတို့ရဲ့အကောင်းဆုံးတွေကို ပြသလိုကြတယ်။ အမှား တွေမလုပ်ချင်ကြဘူး။ လူသားတွေဖြစ်လို့ တခါတလေလည်း အမှားတွေလုပ်မိကြတယ်။ ဒီလိုမျိုး နည်းပညာအထောက်အကူတွေမရှိရင် ဒါကို ကျော်ဖြတ်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ ဒိုင်လူ ကြီးတွေလည်း ဒီနည်းပညာကိုလက်ခံရင် အသုံးပြုကြတာပေါ့။ ကျွန်တော်ကတော့ ဒါကိုကြိုက်တယ်။ တချို့အရာတွေကိုတော့ ပြန်ပြီးချိန်ညှိရတာပေါ့။ ပွဲရဲ့အရှိန်ကို မပြောင်းလဲနိုင်အောင်လုပ်ရပါမယ်။ ပွဲရဲ့ သက်ဝင်ခံစားမှုတွေ ဒီအတိုင်းရှိနေအောင်လုပ်ရပါမယ်။ တကယ်လို့ ဂိုးတစ်ဂိုးသာဖြစ်ခဲ့ရင် ပရိသတ်တွေက အကြာကြီးစောင့်နေရမှာလေ။ ဒါကပင်နယ်တီ ဟုတ်လား မဟုတ်လား ၊ လက်ထိဘောဟုတ်လားမဟုတ်လား စတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ဖြစ်တာကျွန်တော် ကြိုက်ပါတယ်။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။