ဒူးဒဏ်ရာကနေပြန်လည်သက်သာဖို့(၆)ပတ်ခန့်အနားယူရမယ့်လာကာဇက်

Thet Htet Lin

အာဆင်နယ်အသင်းရဲ့ကစားသမား လာကာဇက်ဟာ အသေးစားဒူးဒဏ်ရာကနေပြန်လည်သက်သာ ဖို့ (၆) ပတ်ခန့် အနားယူရဖွယ်ရှိကြောင်း အာဆင်နယ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ရာသီအစတုန်းက လိုင်ယွန်အသင်းကနေပြောင်းရွှေ့လာတဲ့ လာကာဇက်ဟာ ယခုရာသီမှာ ပွဲဦးထွက် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာသွင်းယူခဲ့တဲ့ သွင်းဂိုးအပါအ၀င် အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် (၁၄)ပွဲမှာ (၇)ဂိုးသွင်းယူပေးထားပါတယ်။

ဒါပေမယ့်လည်း ဒီဇင်ဘာလမှစတင်ကာ လာကာဇက်ရဲ့ သွင်းဂိုးတွေဟာ တဖြေးဖြေးလျော့ကျလာပြီး သွင်းဂိုး (၂)ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းကို အူဘာမီယန်ရောက်ရှိလာတာကြောင့် ပြီးခဲ့တဲ့ စပါးစ် ၊ အဲဗာတန် အသင်းတို့နဲ့ပွဲစဉ်တွေမှာ လာကာဇက်ဟာ အရန်ခုံမှာသာထိုင်နေခဲ့ရပါတယ်။

လာကာဇက်ဟာ စပါးစ်အသင်းနဲ့ပွဲစဉ်မှာ ဒုတိယပိုင်း လူစားဝင်ကစားသမားအဖြစ် ၀င်ရောက် ကစား ခွင့်ရရှိခဲ့ပြီး အခွင့်အရေး(၂)ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ စပါးစ် အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဒူးဒဏ်ရာကြောင့် လာကာဇက်အနေနဲ့ ကောင်းကောင်းမကစားနိုင်ခဲ့ဘဲ အင်္ဂါနေ့မှာ တော့ အသေးစားကုသမှုတွေပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ထုတ်ပြန်မှုတစ်ခုမှာ – “ အင်္ဂါနေ့မနက်က လာကာဇက်အနေနဲ့ ဒူးဒဏ်ရာတစ် ခု တွေ့ရှိခဲ့ပါတယ်။ အသေးစားကုသမှုပြုလုပ်ခဲ့ရာမှာအောင်မြင်ခဲ့ပြီး ပြန်လည်သက်သာလာအောင် အနားယူရမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်လာမယ့် (၄)ပတ် ကနေ (၆)ပတ် အတွင်းမှသာ အသင်း နဲ့အတူ ပြန်ပြီး ပါဝင်ကစားနိုင်မှာလည်းဖြစ်ပါတယ်။ ”လို့ ဆိုပါတယ်။

မှတ်ချက်များ။