ပရီးမီးယားလိဂ်မှာကစားခွင့်ရချင်ကြောင်းဖွင့်ဟလာတဲ့ဂျပ်စတင်ကလွိုက်ဗက်

Thet Htet Lin

အေဂျက်အသင်းရဲ့ လူငယ်တောင်ပံကစားသမားဂျပ်စတင်ကလွိုက်ဗက်ဟာ သူ့အနေနဲ့ ပရီးမီးယား လိဂ်မှာ ကစားခွင့်တစ်နေရာရဖို့ ခက်ခဲကြောင်းပြောကြားလိုက်ပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ ဂျပ်စတင်ကလွိုက်ဗက်ဟာ နယ်သာလန်ကစားသမားဟောင်း ပက်ထရစ်ကလွိုက်ဗက်ရဲ့ သား ဖြစ်ပြီး ယခုရာသီမှာ အေဂျက် အသင်းအတွက် ခြေစွမ်းပြကစားထား ကာ (၁၉)ပွဲမှာ သွင်းဂိုး (၆)ဂိုး ၊ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားပေးပါတယ်။

ကလွိုက်ဗက်ရဲ့ခြေစွမ်းကြောင့် မကြာသေးခင်ကပဲ ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စား ခဲ့ကြပါတယ်။ သူရဲ့အပြောင်းအရွှေ့ဟာ အသင်းတစ်ခုခုရဲ့ ကမ်းလှမ်းမှုအပေါ်မှာလည်းမူတည်နေပါ တယ်။

This feeling is priceless ? #JK45

A post shared by Justin Kluivert (@justink_) on Feb 12, 2018 at 9:22am PST

ကလွိုက်ဗက်ကပြောကြားရာမှာ – “ ကမ်းလှမ်းမှုကောင်းကောင်းတစ်ခုသာလက်ခံရလိမ့်မယ်ဆိုရင် သိနိုင်မှာမဟုတ်ပါဘူး။ အင်္ဂလန်မှာဆိုရင် အာဆင်နယ် ၊ စပါးစ် ၊ ချယ်ဆီး ၊ မန်ချက်စတာယူနိုက်တက် စတဲ့ အသင်းတွေမှာ နောက်နှစ်အနည်းငယ်အတွင်း ကျွန်တော်ကစားခွင့်ရဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော် ဘယ်နိုင်ငံသွားသွား ကျွန်တော့်အဖေကို သူတို့သိကြပါတယ်။ တခါတလေဆို နူးကမ့်ကို လာလည်ဖို့ ဖိတ်ကြားခံရတာတွေတောင်ရှိပါတယ်။ တကယ်တမ်းဆိုရင် ကျွန်တော် ရီးယဲလ်မက်ဒရစ် အသင်းထက် ဘာစီလိုနာအသင်းကို သွားချင်ပါတယ်။ ဘာစီလိုနာအသင်းက ကျွန်တော့်ရဲ့နှလုံးသား ပါ။ ဒါပေမယ့် ကျွန်တော်က ဘာမို့လို့ ရီးယဲလ်မက်ဒရစ်အသင်းကို ငြင်းပယ်နိုင်မှာလဲ။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။