ဒေါ့မွန်အသင်းမှာပိုပြီးပျော်ရွှင်နေတဲ့ဘတ်ရှော်ရီ

Thet Htet Lin

ဒေါ့မွန်အသင်းမှာ အငှားနဲ့လာရောက်ကစားနေတဲ့ ဘတ်ရှော်ရီက သူ့ရဲ့ အနာဂတ်ကို ဘာမှမသိရ သေးပေမယ့်လည်း လက်ရှိအချိန်ဟာ ချယ်ဆီးအသင်းမှာ ကစားခဲ့စဉ်ကထက် ပိုပျော်ရကြောင်း ပြောကြားခဲ့ပါတယ်။

ဘတ်ရှော်ရီဟာ ဒေါ့မွန်အသင်းကို ရောက်ရှိလာတဲ့အချိန်တည်းကစလို့ (၇)ပွဲပါဝင်ကစားရာမှာ (၆) ဂိုး သွင်းယူပေးထားပါတယ်။ သူ့အနေနဲ့ ဒေါ့မွန်အသင်းမှာ ကစားရတာဟာ စတန်းဖို့ဒ်ဘရစ်ခ်ျ မှာရှိစဉ် ကထက် ပိုပြီး ယုံကြည်မှုရှိလာကြောင်းဆိုပါတယ်။

“ ကျွန်တော့်အနာဂတ်အကြောင်းမမေးပါနဲ့။ ကျွန်တော့်မှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့ပြီး ပုံမှန်အခြေ အနေပြန်ရောက်လာတာက ကောင်းပါတယ်။ ”လို့ ဘတ်ရှော်ရီကပြောပါတယ်။

ချယ်ဆီးအသင်းမှာ ရှိစဉ်ကထက် ဘာတွေကွာဟမှုရှိလဲ ဆိုတာကိုမေးမြန်းခဲ့ရာမှာတော့ ဘတ်ရှော်ရီ က တိုက်ရိုက်မဖြေကြားပဲ ရှောင်လွှဲခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ဂျာမဏီမှာ ကစားရတာ ဟာ အင်္ဂလန်မှာ ကစားရတာထက် ပိုကောင်းကြောင်းဆိုလိုတာဖြစ်ပါတယ်။

“ ဒေါ့မွန်တစ်သင်းလုံးက ကျွန်တော့်ကို လက်ခံကြိုဆိုခဲ့တယ်။ ကျွန်တော် ချစ်ခြင်းမေတ္တာတွေ အများကြီးခံစားခဲ့ရတယ်။ ဘောလုံးသမားတစ်ယောက်မှာ ယုံကြည်မှုရှိလာပြီဆို ခြေစွမ်းကောင်း လာတာပါပဲ။ ကျွန်တော် အလျင်အမြန်နဲ့ ကြိုးစားအားထုတ်နိုင်ဖို့ မမျှော်မှန်းပါဘူး။ ဒါဟာ တကယ့် ဘတ်ရှော်ရီရဲ့ ခြေစွမ်းအစစ်အမှန်ပါ။ ဒါပေမယ့် ဒီထက်ပိုပြီး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒေါ့မွန် အသင်းမှာက ခမ်းနားတဲ့ အိမ်ကွင်းနဲ့ မယုံနိုင်လောက်စရာပရိသတ်အားပေးမှုမျိုးရှိပါတယ်။ အလျင်အမြန် အထိုင်ကျဖို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ” လို့ ဘတ်ရှော်ရီက ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။