ဂိုးသမားတွေအတွက် အခက်အခဲဖြစ်လာနိုင်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဘောလုံး

Yan Yan

ဘိုင်ယန်မြူးနစ် ဂိုးသမား တာစတီဂျန်နဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာတို့ကတော့ လာမယ့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးနဲ့ ပတ်သက်ပြီါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။

Adidas ကထုတ်လုပ်ထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဘောလုံးကို Telstar လို့အမည်ပေးထားခဲ့ပြီး ၂၀၁၄ ခုနှစ် ဘရာဇီးလ်ေ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ Adidas Brazuca နေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ Jabulani ဘောလုံးဟာ ပေါ့ပါးပြီး လေထဲမှာ လျင်မြန်တဲ့အရှိုန်နဲ့ ဖြတ်သန်းသွားတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပြီး ယခု Telstar မှာလည်း အလားတူ ဖြစ်ရပ်မျိုးရှိနေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ တစ်ဖက် ၁ ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာ ၂ ဖက်အသင်း ဂိုးသမားတွေက တစ်ပုံစံတည်း ဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ ဒီဘောလုံးဟာ တကယ်ကို ထူခြားနေပါတယ်။ ယခင်ကထက် ပိုပြီးကောင်းအောင် ပြုလုပ်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်” လို့ ဒီဂီယာက ဆိုခဲ့ပါတယ်။

တာစတီဂျန်ကတော့ “ ဒီဘောလုံးဟာ ဘောလုံးကောင်း တစ်လုံးဖြစ်ပေမယ့် သူရဲ့လှုပ်ရှားမှုတွေဟာ မြန်ဆန်နေပါတယ်။ ဒီဘောလုံးကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ်ဆိုရင်တော့ ပိုပြီးပိုင်ပိုင်နိုင်နိုင် ဖမ်းထားနိုင်ဖို့ လေ့ကျင့်ရုံကလွဲပြီး မရှိတော့ပါဘူး” ဆိုပြီးပြောကြားခဲ့ပါတယ်။

နာပိုလီအသင်း ဂိုးသမား ရေနာကတော့ “ ဒီဘောလုံးကို ပြောင်းလဲဖို့ အချိန်တွေ ရှိနေပါသေးတယ်” ဆိုပြီးပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။