ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘေးလ်ပြန်လည်နေရာရလာမယ်လို့ ဆိုခဲ့တဲ့ အလန်

Yan Yan

ရီးရဲလ်မက်ဒရစ်အသင်းမှာ အရံကစားသမားအဖြစ် ရုန်းကန်နေခဲ့ရတဲ့ ဂါရတ်ဘေးလ်ဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ ဝေးလ်အသင်းဖော် အလန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဘေးလ်ဟာ နည်းပြဇီဒန်းလက်အောက်မှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေခဲ့ရပြီး အဆန်စီယို နဲ့ လူးကစ် ဗက်စကွတ်တို့ နောက်ကနေသာ ပွဲထွက်ခွင့် ရရှိနေခဲ့ပါတယ်။ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲလုံးမှာလည်း ပွဲထွက်ကစားသမား စာရင်းမှာ ဘေးလ်ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အလန်ပြောကြားခဲ့တာကတော့ “ ဒီလိုကြုံတွေ့နေခဲ့ရတဲ့ ကိစ္စတွေကြောင့် သူစိတ်ပျက်နေမယ်ဆိုတာ အသေအချာပါ။သူနိုင်ငံအသင်းအတွက် အမြဲတမ်းကြိုးကြိုးစားစားနဲ့ ကစားပေးခဲ့ပြီး အသင်းအတွက် ပထမပွဲထွက်ခွင့်နေရာကို ပြန်လည်ရယူနိုင်မယ်ဆိုတာလည်း သေချာပါတယ်။”

ဂါရတ်ဘေးလ်ဟာ တရုတ်အသင်းနဲ့ကစားဃဲ့တဲ့ ပွဲစဉ်မှာအသင်းတွက် ဟတ်ထရစ်သွင်းယူနိုင်ခဲ့ပြီး အသင်း ဂန္တ၀င်ကစားသမားဟောင်း အီယန်ရှက် တင်ထားခဲ့တဲ့ နိုင်ငံအသင်းတွက် ၂၈ ဂိုးသွင်းယူထားခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။

“ ဒီဟတ်ထရစ်ဟာ တကယ်ကို မယုံကြည်နိုင်စရာ ဟတ်ထရစ်ဖြစ်ပြီး သူမှာစံချိန်တွေထပ်ချိုးဖို့ အချိန်တွေများစွာ ရှိနေပါသေးတယ်။ဒီသွင်းဂိုးတွေအတွက် သူပျော်ရွှင်နေပြီး ဒီလိုမြင်ကွင်းမျိုးတွေနဲ့ သူ့ရဲ့သွင်းဂိုးတွေကို ထပ်ပြီးမြင်တွေ့ရဦးမှာပါ။ သူရဲ့စံချိန်တွေကိုလည်း သူကိုယ်တိုင်ပြန်လည် ချိုးဖြတ်နိုင်မယ့်သူပါ” ဆိုပြီး အလန်က ဘေးလ်နဲ့ ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။