ဒဏ်ရာကြောင့်ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းလူစာရင်းမှာမပါဝင်နိုင်တော့တဲ့ကော်တိုရစ်

Thet Htet Lin

ဂိုးသမား ကော်တိုရစ်ဟာ ကြွက်သားဒဏ်ရာကြောင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လူစာရင်း မှာ မပါဝင်နိုင်တော့ပေမယ့်လည်း ချယ်ဆီးအသင်းနဲ့ စပါးစ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်အမီ ပြန်လည်သက်သာလာဖို့ မျှော်လင့်ထားပါတယ်။

ကော်တိုရစ်ဟာ အင်္ဂါနေ့မှာ ဆော်ဒီအာရေးဗီးယား အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ လက်ရွေးစင်အသင်းဖော်တွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တာလည်းဖြစ်ပါတယ်။

ကော်တိုရစ်ဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ် ပါတယ်။ ဒါပေမယ့်လည်း ကော်တိုရစ်ကတော့ သူ့ရဲ့ လက်ရွေးစင်ပွဲစဉ် (၅၆)ပွဲမြောက်အဖြစ် ပါဝင် ကစားနိုင်ဖို့ကို မျှော်လင့်ထားတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနည်းပြ ရော်ဘတ်တိုမာတီနက်ဇ် ကတော့ ကော်တိုရစ်ရဲ့ အခြေ အနေကိုကြည့်ကာ လိုအပ်တဲ့ ကုသမှုတွေအတွက် အင်္ဂလန်ကို ပြန်လွှတ်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ ကော်တိုရစ်ရဲ့နေရာမှာ လီဗာပူးလ်အသင်းဂိုးသမား ဆိုင်မွန်မစ်ဂ်နိုလတ်က ၀င်ရောက် ကစားမှာဖြစ်ပါတယ်။

“ နည်းပြတစ်ဦးအမြင်ကကြည့်ရင် ကော်တိုရစ်က အင်္ဂါနေ့ပွဲအတွက် ကြံ့ခိုင်မှုမပြည့်ဝဘူး။ ဒါပေမယ့် သူ့ ကလပ်အသင်း ပွဲစဉ်ဖြစ်တဲ့ စပါးစ်အသင်းနဲ့ ပွဲကိုတော့ ပြန်ကစားနိုင်လောက်ပါတယ်။ အင်္ဂါ နေ့ ပွဲမှာသုံးမယ်ဆိုရင် ဒါက အရမ်းစောနေသေးပြီး စွန့်စားရာကျပါတယ်။ ” လို့ နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ကပြောပါတယ်။

နည်းပြကဆက်လက်ပြောကြားရာမှာ – “ ကျွန်တော့်အတွက် လက်ရွေးစင်အသင်းပွဲစဉ် တွေရှိတာ က အခွင့်အရေးကောင်းတစ်ခုပါ။ ကျွန်တော်တို့ ဘာအခွင့်အရေးမှ ယူမှာလည်းမဟုတ်ပါဘူး။ အသင်းရဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေက အင်္ဂါနေ့ပွဲအတွက် ကော်တိုရစ် ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိဘူးဆိုတာ ကို သိပါတယ်။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။