အာဆင်နယ်နည်းပြနေရာအတွက်သောမတ်စ်တာချယ်နဲ့ဆွေးနွေးမှုတွေရှိနေကြောင်းလိုသာမော့သော့စ်ပြောကြား

Thet Htet Lin

ဒေါ့မွန်အသင်းနည်းပြဟောင်း သောမတ်စ်တာချယ်ဟာ အာဆင်နယ်အသင်းမှာ အာဆင်ဝင်းဂါးရဲ့ နေရာကိုဆက်ခံဖို့အတွက် အကြိုသဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒေါ့မွန်အသင်းနဲ့ မိန့်ဇ်အသင်းတို့ရဲ့ နည်းပြဟောင်း တာချယ် ဟာ လက်ရှိချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။

ခိုင်လုံတဲ့သတင်းရပ်ကွက်တွေရဲ့ ဖော်ပြချက်အရ တာချယ်ဟာ အာဆင်ဝင်းဂါးနောက်ပိုင်း ပထမဆုံး အာဆင်နယ်အသင်းရဲ့ နည်းပြ ဖြစ်လာဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂျပ်ဟေးနပ်နေရာ မှာ အစားထိုးတာဝန်ယူဖို့ အခွင့်အရေးကိုပင် ငြင်းပယ်ခဲ့ကြောင်း ဆိုပါတယ်။

ဒါ့အပြင် ဂျာမဏီအသင်းရဲ့ ကစားသမားဟောင်းကြီး လိုသာမော့သော့စ် ကလည်း တာချယ်ဟာ အာဆင်နယ်နည်းပြဖြစ်လာဖို့ အလားအလာရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ သတင်းတွေကတော့ အမျိုးမျိုးပြောနေကြတာပဲ။ ဒေါ့မွန်နည်းပြ ဟောင်းတာချယ်ကလည်း အာဆင်နယ်အသင်းနည်းပြနေရာကို ရောက်လာနိုင်ပါတယ်။ သူ အာဆင်နယ်အသင်းနဲ့ အဆက် အသွယ်ရှိနေတာကို ကျွန်တော်သိပါတယ်။ အဲဒီနောက်ကွယ်မှာ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာ ဘယ်သူသိနိုင်မလဲ? ” လို့ လိုသာမော့သော့စ် က ပြောပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂျပ်ဟေးနပ်ကလည်း မကြာသေးခင်ကပဲ တာချယ်အပေါ် ချီးကျူးပြောကြားမှုတွေရှိခဲ့ပါတယ်။

နည်းပြ ဂျပ်ဟေးနပ်ကပြောကြားရာမှာ – “ တာချယ်မှာက ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်လို့ ရလောက်တဲ့ အရည်အချင်းတွေရှိပါတယ်။ ကျွန်တော် တာချယ်ကို ချီးကျူးပါတယ်။ သူက မိန့်ဇ် အသင်းမှာလည်း လူငယ်အသင်းကို ကိုင်တွယ်ရာကနေ တစ်ဆင့် တိုးတက်လာခဲ့တာပါ။ ဒါက သူ့အတွက် အောင်မြင်မှုတွေကို အထောက်အကူပြုပေးပါတယ်။ သူ့အနေနဲ့ မှန်ကန်တဲ့ ချဉ်း ကပ်မှု နဲ့ ကစားသမားတွေရဲ့ အရည်အချင်းကို သင်ယူရမှာပါ။ တာချယ်ရဲ့ လက်ထက်မှာ ဒေါ့မွန်အသင်း ဟာ ဘောလုံးနဲ့ပတ်သက်ရင် အကောင်းဆုံး ကစားနိုင်ခဲ့ပြီးတော့ ကောင်းမွန်တဲ့စနစ်တစ်ခုကို ပုံဖော် နိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ် မော်ဒန်ဘောလုံးလောကမှာ လူတိုင်းက ဒါကိုမြင်ချင်ကြပါတယ်။ သူ့လက်ထက်မှာ ဒေါ့မွန်အသင်းက ဘွန်ဒက်စ်လီဂါမှာ ဒုတိယ ရခဲ့တယ်။ DFB Pokal မှာ ဗိုလ်စွဲနိုင်ခဲ့ တယ်။ ဒေါ့မွန်အသင်းပွဲတွေကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် လေးစား သလို နည်းပြကောင်းတစ်ဦးအနေနဲ့လည်း သတ်မှတ်ထားပါတယ်။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။