ယခုတစ်ပတ်မှာရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့်အင်္ဂလန်ရဲ့အခမ်းနားဆုံးဒါဘီပွဲစဉ်များအကြောင်း

Thet Htet Lin

ပရီးမီးယားလိဂ် ပွဲစဉ် (၃၃)မှာတော့ ပရိသတ်တွေအနေနဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံး ဒါဘီပွဲစဉ် (၃)ပွဲကို ရင်ခုန်စွာနဲ့ကြည့်ရှု ရတော့မှာဖြစ်ပါတယ်။ မန်ချက်စတာမြို့ အခြေပြု ဒါဘီပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်း တို့ရဲ့ပွဲစဉ် ကိုယှဉ်ပြိုင်ကစားမှာဖြစ်သလို အရှေ့လန်ဒန် ၊ အနောက်လန်ဒန် အားပြိုင်ပွဲဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ ၀က်စ်ဟမ်းအသင်းတွေရဲ့ ပွဲစဉ်ကိုလည်း ရင်ခုန်ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် မာဆေးလ်ဆိုဒ် ဒါဘီပွဲစဉ်တစ်ပွဲကိုလည်း ပရိသတ်တွေကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီအသင်း(၄)သင်းမှာ ဘာလို့ တူညီမှုတွေများနေရတာလဲ? ဒီအသင်းတွေကိုကြည့်ရင် အများအားဖြင့် အနီနဲ့အပြာ ၀တ်ပြီး ကစားလေ့ရှိပါတယ်။ ( ၀က်စ်ဟမ်းအသင်းကတော့ အနီရောင်နဲ့ဆင်တဲ့မရမ်း ရောင်ပေါ့။)

လန်ဒါဟာ အင်္ဂလန်ရဲ့ သမိုင်းဝင်မြို့ကြီးဖြစ်ပြီး ဘောလုံးကလပ်အသင်းတွေ အများကြီး အခြေစိုက်ရာ မြို့လည်းဖြစ်ပါတယ်။ အဲဒီထဲကမှ အသင်း(၅)သင်းကတော့ လက်ရှိပရီးမီးယားလိဂ်မှာ ၀င်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ၀က်စ်ဟမ်းအသင်းဟာ ၁၈၉၅ ခုနှစ်မှာ Thames Ironworks ကုမ္ပဏီရဲ့ ဘောလုံးအသင်းအနေနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၀၀ ခုနှစ် ဇွန်လမှာတော့ အသင်း က ပျက်ခဲ့ပါတယ်။ နောက်ထပ် (၁) လအကြာမှာပဲ အသင်းကို ပြန်ပြီး ကြေငြာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ “ the Hammers ” ၊ “ the Irons ” အစရှိတဲ့ နာမည်ပြောင်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ချယ်ဆီးအသင်းကို ၁၉၀၅ ခုနှစ်မှာ ဂတ်စ်မေရာစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ဂတ်စ်မေရာ ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းကို ၀ယ်ယူခဲ့သူဖြစ်ပါတယ်။ သူဝယ်ယူခဲ့တဲ့ ကွင်းကို ဖူလ်ဟမ်အသင်းကို အခကြေးငွေနဲ့ ငှား ပြီး ဖူလ်ဟမ် အိမ်ကွင်းအဖြစ် အသုံးပြုဖို့ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်မှာပဲ ဂတ်စ်မေရာ ဟာ ကိုယ်ပိုင်အသင်းထောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အဓိက ပြဿနာကတော့ စတန်းဖို့ဒ်ဘရစ်ခ်ျဟာ ဖူလ်ဟမ် မှာရှိနေခြင်းပါပဲ။ ဒါကြောင့် သူ့အနေနဲ့ ဖူလ်ဟမ်အသင်း ဆိုတဲ့ နာမည်ကို ထပ်ပြီး အသုံးပြုခွင့်မရှိတော့ဘဲ သူ့ရဲ့ အသင်းသစ်ကို ချယ်ဆီး ဆိုပြီး အမည်ပေးခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးနဲ့ ၀က်စ်ဟမ်းတွေ့ဆုံမှုမှာ ချယ်ဆီးက အသာရထားပါတယ်။ ချယ်ဆီးအသင်းက (၄၁)ကြိမ် အနိုင်ရရှိထားသလို ၀က်စ်ဟမ်းအသင်းက (၃၇)ကြိမ် အနိုင်ရရှိထားကာ (၁၉)ကြိမ်သရေကျထား ပါတယ်။

image

အင်္ဂလန်အနောက်မြောက်ဘက်ပိုင်းမှာတော့ အဲဗာတန်အသင်းကို ၁၈၇၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၁၈၈၄ ခုနှစ်မှာပဲ အန်ဖီးလ်ကွင်းကို ရွှေ့ပြောင်းခဲ့ပါတယ်။ အန်ဖီးလ်ကွင်းရဲ့ ပိုင်ရှင်ဖြစ်သူ ဂျွန်ဟိုးဒင်း ဟာ ဘီယာချက်စက်ရုံပိုင်ရှင်တစ်ဦးဖြစ်ပြီး အဲဗာတန်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကတော့ အရက် ၊ ဘီယာ ကို လုံးဝရှောင်ကျဉ်ကြသူများဖြစ်ပါတယ် ။ အဲဒီနောက် သဘောထားကွဲလွဲမှုတချို့ရှိခဲ့ပြီး ၁၈၉၂ ခုနှစ်မှာပဲ အဲဗာတန်အသင်းဟာ အန်ဖီးလ်ကွင်းကို စွန့်ခွာခဲ့ပါတယ်။ ဒါကြောင့် ဂျွန်ဟိုးဒင်း ဟာ ကိုယ်ပိုင်ကွင်းရှိပေမယ့် ကိုယ်ပိုင်ကွင်းမရှိတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။

“ အဲဗာတန် ” ဆိုတဲ့ အသင်းနာမည်ဟာရှိနှင့်နေပြီးဖြစ်တာကြောင့် ဂျွန်ဟိုးဒင်းအနေနဲ့ အသင်းသစ်ကို “ အဲဗာတန်အက်သလက်တစ် ” ဆိုတဲ့ နာမည်ကို အသုံးပြုဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် လည်း တာဝန်ရှိသူတွေက အဲဗာတန် ဆိုတဲ့နာမည်ပါဝင်နေခြင်းကို ခွင့်မပြုခဲ့တာကြောင့် “ လီဗာပူးလ် ” ဆိုတဲ့ အမည်ကို အသုံးပြုခဲ့ပါတယ်။ ဒီလိုနဲ့ (၂၀) ရာစုအစပိုင်းမှာပဲ ကားစ်ဘတ် ရဲ့ စပွန်ဆာနဲ့အတူ လီဗာပူးလ်အသင်းကို စတင်တည်ထောင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ တွေ့ဆုံမှုမှာ လီဗာပူးလ်အသင်းက (၇၆)ကြိမ်နိုင် ၊ အဲဗာတန်အသင်းက (၅၇)ကြိမ်နိုင်ကာ (၆၄)ကြိမ် သရေကျထားပါတယ်။

image

ချယ်ဆီးအသင်းနဲ့ ၀က်စ်ဟမ်းအသင်း အိမ်ကွင်းတွေက လန်ဒန်မှာရှိသလို အဲဗာတန်နဲ့ လီဗာပူးလ် အသင်းအိမ်ကွင်းတွေကလည်း လီဗာပူးလ်မြို့မှာရှိပါတယ်။ မန်ချက်စတာစီးတီး အသင်း အိမ်ကွင်းဟာ မြို့ထဲမှာ ရှိပေမယ့် အိုးထရက်ဖို့ဒ်ကတော့ မန်ချက်စတာမြို့နယ်နိမိတ် ရဲ့ ပြင်ပမှာရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကိုတော့ ၁၈၄၈ ခုနှစ်မှာ Newton Heath မှာရှိတဲ့ Lancashire & Railway ကုမ္ပဏီရဲ့ အသင်းအနေနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကတော့“ Newton Heath ” အသင်းဆိုပြီး အမည်တွင်ပါတယ်။ အဲဒီနောက် အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ များကို ပြန်လည်ပြင်ဆင်ပြီး ၁၉၀၂ ခုနှစ်မှာပဲ “ မန်ချက်စတာယူနိုက်တက် ” ဆိုပြီး ပြောင်းလဲ ခေါ်တွင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ ၁၈၈၀ ခုနှစ်မှာ လူငယ်တွေကို အရက်သေစာနဲ့ အကြမ်းဖက် ပစ်ခတ်ခြင်း အန္တရာယ်တွေကနေ ပြန်လည်ဆယ်ယူနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့တာဖြစ် ပါတယ်။ စတင်တည်ထောင်စဉ်က ခရစ်ကတ် အသင်းအနေနဲ့ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆောင်းရာသီမှာ ကစားသမားတွေ ကြံ့ခိုင်မှုထိန်းသိမ်းဖို့ရည်ရွယ်ပြီး ဘောလုံးအသင်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ၁၈၉၄ ခုနှစ်မှာ “ မန်ချက်စတာစီးတီး ” အသင်းရယ်လို့ ဖြစ်လာခဲ့ပါတယ်။ ၁၉၀၄ ခုနှစ်မှာ FA ဖလားရရှိခဲ့ပြီးနောက်မှာတော့ မန်ချက်စတာစီးတီးအသင်းဟာ မန်ချက်စတာမြို့ကို ကိုယ်စားပြုပြီး ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံး အသင်းဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ တွေ့ဆုံမှုမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက (၆၁)ကြိမ်နိုင် ၊ မန်ချက်စတာစီးတီးအသင်းက (၄၅)ကြိမ်နိုင် ၊ (၄၅)ကြိမ် သရေကျထားပါတယ်။

image

ယခုတစ်ပတ်ပွဲစဉ်တွေဟာ ဒီအသင်း (၆)သင်းရဲ့ ကံကြမ္မာကိုပဲ ဆုံးဖြတ်တာမဟုတ်ဘဲ အသင်းအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ရာသီကြို Champions Cup-North America ပြိုင်ပွဲရဲ့ ပွဲစဉ်မှာ တွေ့ဆုံစဉ် မန်ချက်စတာယူနိုက်တက်အသင်းက မြို့ခံ မန်ချက်စတာစီးတီး အသင်းကို အနိုင်ရရှိခဲ့ပေမယ့် လက်ရှိချိန်မှာတော့ မန်ချက်စတာစီးတီး အသင်းက ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ဖို့အတွက် အခြေအနေကောင်း နေပါတယ်။ ချယ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ဒီပွဲစဉ်က အရေးကြီးသလို ၀က်စ်ဟမ်းအသင်း အနေနဲ့လည်း တန်းဆင်းဇုန်က လွတ်လွတ်ကျွတ်ကျွတ် လွတ်မြောက်ဖို့ရာ ဒီပွဲမှာ အနိုင်ရမှဖြစ်မှာ ပါ။ လီဗာပူးလ်အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်တွေ ဆက်လက်မက်ခွင့်ရဖို့ အနိုင်(၃)မှတ် ကအရေးကြီးသလို အဲဗာတန်အသင်းကလည်း ဒီပွဲကိုနိုင်ရင် ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာကို မျှော်မှန်းလို့ရပါတယ်။

မှတ်ချက်များ။