ရိုးမားအသင်းရဲ့ အမှားတွေကို ထောက်ပြခဲ့တဲ့ ဖရန်ဆက်စကို

Yan Yan

ရိုးမားအသင်းနည်းပြ ဖရန်ဆက်စကိုက လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအနေနဲ့ လီဗာပူးလ် အသင်းကို အစောပိုင်းပွဲအစတည်းက ဖိအားပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ရိုးမားအသင်းဟာ လီဗာပူးလ်အသင်းကို ဒုတိယအကျော့မှာ (၄) ဂိုး ( ၂ ) ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် နှစ်ကျော့ပေါင်း ( ၇ ) ဂိုး ( ၆ ) ဂိုးနဲ့ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။

ပွဲအပြီးမှာ ဖရန်ဆကါစကိုက ပထမပိုင်းမှာ ပြုလုပ်ခဲ့တဲ့ နောက်တန်းအမှားတွေကြောင့် ပေးဆပ်မှု ကြီးမားခဲ့ရတာလို့ ဆိုပါတယ်။

“ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ အနည်းဆုံး ( ၄ ) ဂိုးသွင်းယူရမယ်ဆိုတာကို အသင်းသားတွေ အားလုံးသိပြီးတဲ့အတိုင်း ယုံကြည်စွာပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် စီစဉ်ထားသလို မဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။အဝေးဂိုး ( ၂ ) ဂိုးပေးလိုက်ရပေမယ့် အကောင်းဆုံးပြန်လာနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ပြုလုပ်ခဲ့တဲ့အမှားတွေအတွက် ပေးဆပ်ခဲ့ရပါတယ်။”

“ ဒုတိယပိုင်းမှာ လီဗာပူးလ် အသင်းကို ကြိုးတန်းပေါ်မှာ လမ်းလျောက်သလို ခံစားချက်ရရှိအောင် ဖိအားပေးနိုင်ခဲ့တဲ့အတွက် အသင်းသားတွေကို အကောင်းဆုံးလုပ်တောင်ခဲ့တယ်လို့ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်”

“ ဒီကနေ အတွေ့အကြုံများစွာ ရရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချရာမှာ ယုံကြည်ချက် ပိုရှိနေဖို့ လိုပါတယ်။အသင်းအနေနဲ့ လီဗာပူးလ်အသင်းကို ပိုပြီးဖိအားပေးကာ သွင်းဂိုးတွေဒီထက်ပ်ု ရခဲ့သင့်ပါတယ်။” လို့ ဖရန်ဆက်စကိုက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက် ပြန်ပြီး အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။

“ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့် ရရှိဖို့က အသင်းအတွက် အရေးပါပါတယ်။ ဒါပေမယ့် စီးရီးအေအဆင့်ရပ်တည်မှုကောင်းအောင် ပထမဆုံး ပြင်ဆင်ရပါမယ်။စီးရီအေ ပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ဆောင်နိုင်တယ် ဆိုတာကို သက်သေပြသွားမှာ ဖြစ်ပြီး ခက်ခဲမှုတွေထဲကနေ ဘယ်လောက်ထိ လုပ်ဆောင်နိုင်တယ်ဆိုတာ ပြသဖို့ ပြင်ဆင်သွားမှာပါ” လို့ ဖရက်ဆက်စကိုက ထပ်မံပြောကြားခဲ့ပါတယ်။

ရိုးမားအသင်းရဲ့ အားကစားဒါရိုက်တာ မွန်ချီက ကွင်လယ်ဒိုင်လူကြီးနဲ့ တွဲဖက်ဒိုင်လူကြီးတွေကြောင့် အသင်းရဲ့ ရလဒ်ပိုင်း အခုလိုဖြစ်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

“ ဒိုင်လူကြီးတွေက အရာရာကိုပြောင်းလဲ စေခဲ့ပါတယ်။ လီဗာပူးလ်အသင်း လူကျွံအနေအထားကနေ သွင်းဂိုး တစ်ဂိုးရရှိခဲ့သလို အသင်းအနေနဲ့လည်း ပင်နယ်တီ ( ၂ ) ကြိမ်လောက် ရရှိခဲ့သင့်တာပါ။ တစ်ကြိမ်ဆိုရင် အနီကဒ်ပါ ပြသခဲ့သင့်တာပါ။ဒီအချိန်မှာ မိမိရဲ့အသံကျယ်သလိုဖြစ်နေမယ်လို့ တွေးမိပါတယ်။”

“ လီဗာပူးလ်အသင်းအတွက်တော့ ဂုဏ်ယူပါတယ်။ဒါပေမယ့်ပြန်လည် သုံးသပ်သင့်တာတွေ ရှိနေပါသေးတယ်။ဒီလိုကလပ်အသင်းတွေအတွက် အရေးပါတဲ့ ပွဲစဉ်တွေမှာ VAR နည်းပညာရှိသင့်ပါတယ်။VAR က မှာယွင်းနိုင်ပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူး။ UEFA ကဒါကို ဘာလို့ အလိုမရှိတာလည်းဆိုတာ မသိပါဘူး” ဆိုပြီး မွန်ချီက VAR နည်းပညာကိုထောက်ခံပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။