နည်းပြမွိုက်ကို ပြန်လည်တောင်းပန်ခဲ့တဲ့ အင်ဒီကာရိုးလ်

Yan Yan

ဝက်စ်ဟမ်းအသင်း ရဲ့ တိုက်စစ်မှူး အင်ဒီကာရိုးလ်အနေနဲ့ အသင်းနည်းပြ ဒေဗစ်မွိုက်နဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်မှု ပြုလုပ်ခဲ့ပြီးနောက် အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေမှာ ပြန်လည်ပွဲထွက်ခွင့်ရရှိဖို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အသင်းရဲ့လေ့ကျင့်ရေးကွင်းကနေ ကာရိုးလ် ပြန်လည်စေလွှတ်ခံခဲ့ရပြီးနောက်မှာ နည်းပြဒေးဗစ်မွိုက်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီစဉ်မှာ ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းက ၀က်စ်ဟမ်းအသင်းကို (၄) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ကာရိုးလ်အနေနဲ့ အရံကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နည်းပြ မွိုက်အနေနဲ့ လူစားလဲလှယ်မှု (၃) ခုလုံးကို ပြုလုပ်ခဲ့ပြီးချိန်မှာ ပွဲထွက်ကစားရဖို့ မရှိတော့တာကြောင့် ကာရိုးလ်ခေါင်းငိုက်စိုက်ကျပြီး အရံခုံကနေ အ၀တ်လဲခန်းအတွင်းကို ၀င်ရောက်သွားခဲ့တာဖြစ်ပြီး အစောပိုင်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကာရိုးလ်က တောင်းပန်ခြင်း မပြုဘူးလို့ ငြင်းဆန်ထားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းအနေနဲ့ တန်းဆင်းဇုံမှာ ရုန်းကန်နေခဲ့ရတဲ့ အသင်းတွေထဲမှာ ပါဝင်နေခဲ့ပြီး တန်းဆင်းဇုံကနေ ရုန်းထွက်နိုင်ဖို့အတွက် အသင်းသားတိုင်းရဲ့ ကြိုးစားအားထုတ်မှုကို လိုအပ်နေခဲ့ပါတယ်။

အသင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးချိန်မှာတော့ မွိုက်က “ ဒီလိုအခြေအနေမျိုးမှာ အသင်းမှာ ရှိတဲ့သူတိုင်းအသင်းတွက် ပါဝင်ကစားပေးချင်ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကာရိုးလ်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး အသင်းအတွက် ပွဲစဉ် (၁၆) ပွဲသာပွဲထွက်ကစားခွင့် ရရှိထားခဲ့ပြီး (၃) ဂိုးသာသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်များ။