ပီအက်စ်ဂျီအသင်း ကစားသမားအသစ်တွေ ခေါ်ယူချိန်မှာ မိမိကို ရောင်းချနိုင်တယ်လို့ ဆိုခဲ့တဲ့ ဒီမာရီယာ

Yan Yan

ပီအက်စ်ဂျီတောင်ပံကစားသမား ဒီမာရီယာက အသင်းမှာပျော်ရွှင်နေပေမယ့် လာမယ့်ရာသီကုန်မှာ ကစားသမားအသစ်တွေ ခေါ်ယူဖို့အတွက် အသင်းကနေသူ့ကို ထုတ်ရောင်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်တဲ့ ဒီမာရီယာဟာ ဘာစီလိုနာအသင်းနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာနဲ့ ပတ်သက်ပြီး ငြင်းဆန်ထားခဲ့ခြင်းမရှိပေမယ့် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မတင်မကျသာ ပြောဆိုထားခဲ့ပါတယ်။

“ ဘောလုံးအားကစားနည်းဆိုတာ ထူးခြားတဲ့ ကစားနည်းတစ်ခုပါ။ လက်ရှိအသင်းမှာ ပျော်ရွှင်နေပါတယ်။အသင်းက ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ပြင်ဆင်လာမယ့်အချိန်မှာတော့ မိမိအပါအ၀င် တခြားကစားသမားတွေကိုလည်း ထုတ်ရေးနိုင်ပါတယ်။ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုမဟုတ်သလို ၊ အသင်းကလည်း ဆုံးဖြတ်ရသေးတာ မဟုတ်ပါဘူး။ ဒီအခြေအနေကို ရောက်ရင်လည်း အေးအေးဆေးဆေးပဲ ထွက်ခွာသွားမှာပါ။”

“ အသင်းအတွက်ကို အစွမ်းကုန်ကြိုးစားအားထုတ်သွားမှာဖြစ်ပြီး အသင်းပရိသတ်တွေအနေနဲ့ စိတ်ရှည်ပေးဖို့လိုအပ်ပါတယ်။အသင်းအတွက်အရေးကြီးဆုံးအရာက နိုင်ပွဲဆာလောင်မှု ပြင်းပြသူတွေ ၊ ဆုဖလားပိုင်ဆိုင်ခဲ့ဖူးသူတွေ နဲ့ အတွေ့အကြုံရင့်ကစားသမားတွေကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။ ဒီလိုကစားသမားတွေကို ပိုင်ဆိုင်နိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် သက်တောင့်သက်သာဖြစ်လာမှာပါ” လို့ ဒီမာရီယာက ဆိုခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တစ်ဦးဖြစ်တဲ့ ဒီမာရီယာဟာ ရီးရဲလ်အသင်းကနေ (၂၀၁၄) ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့ပြီး နောက်မှာတော့ တစ်ရာသီသာ ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းကို ဆက်လက်ပြောင်းရွှေ့ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ဒီရာသီမှာ ပွဲစဉ်ပေါင်း (၄၂) ပွဲကို ဒီမာရီယာ ပွဲထွက်ကစားခဲ့ပြီး သွင်းဂိုး (၂၁) ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၅) ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

မှတ်ချက်များ။