အက်သလက်တီကိုမက်ဒရစ်အသင်းကိုအဂူရိုပြန်ပြောင်းရွှေ့မှာလား?ဗာရိန်းကိုအလိုရှိနေတဲ့မန်ချက်စတာယူနိုက်တက်

Thet Htet Lin

မကြာခင်မှာရောက်ရှိလာတော့မယ့် နွေရာသီအပြောင်းအရွှေ့မတိုင်ခင် ထွက်ပေါ်လျက်ရှိတဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးထားပါ တယ်။

အက်သလက်တီကိုမက်ဒရစ်ကိုအဂူရိုပြန်ပြောင်းရွှေ့မှာလား?

Daily Mail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမား အဂူရိုဟာ အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင်တစ်ဦးလည်းဖြစ်တဲ့ အဂူရိုဟာ အသင်းနဲ့ ၂၀၂၀ ခုနှစ် အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အဂူရိုကို ၂၀၁၁ ခုနှစ်က ပေါင် (၃၈)သန်းနဲ့ ရောင်းချခဲ့ တာဖြစ်ပြီး ဒီရာသီအကုန်မှာလည်း တောရက်စ်နဲ့ ဂရစ်ဇ်မန်းတို့ကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

ဗာရိန်းကိုအလိုရှိတဲ့မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမား ရာဖေးလ်ဗာရိန်းကို ပေါင်သန်း(၇၀)နဲ့ ခေါ်ယူဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း Don Balon ကဖော်ပြပါတယ်။

အသက်(၂၅)နှစ်အရွယ်သာရှိသေးတဲ့ ဗာရိန်းဟာ ယခုရာသီအတွင်း ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပွဲစဉ်တွေမှာ အဓိက ကစားသမားအနေနဲ့ ပါဝင်ကစားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကိုပြောင်းရွှေ့မယ် ဆိုရင် ပြောင်းရွှေ့ကြေးမြင့်မားမှာဖြစ်ပါတယ်။

ယခင်က မော်ရင်ဟို နဲ့ လက်တွဲခဲ့ဘူးတဲ့ ရာဖေးဗာရိန်းဟာ ယခုရာသီအတွင်း ရီးယဲလ်မက်ဒရစ် အသင်းအတွက် (၄၁)ပွဲ ပါဝင်ကစားထားပါတယ်။

မယ်လ်ကွန်ကိုခေါ်ယူမယ့်လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ Bordeaux အသင်းရဲ့ ကစားသမား မယ်လ်ကွန်ကိုခေါ်ယူချင်တဲ့အသင်းတွေ ထဲမှာ ပါဝင်လာကြောင်း Daily Mirror က ရေးသားဖော်ပြပါတယ်။

ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀) ရှိမယ်လို့ ခန့်မှန်းထားတဲ့ အသက် (၂၁)နှစ်အရွယ် မယ်လ်ကွန် ဟာ ပူလီဆစ် ၊ လီယွန်ဘေလီ တို့နဲ့အတူ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမားတွေထဲမှာ နောက်ဆုံးပါဝင်လာတာဖြစ်ပါတယ်။

မယ်လ်ကွန်ဟာ ယခုရာသီအတွင်း သွင်းဂိုး (၁၀)ဂိုး သွင်းယူပေးထားပြီး စပါးစ် ၊ အာဆင်နယ် ၊ မန်ချက်စတာယူနိုက်တက် အသင်းတွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အင်္ဂလန်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တဲ့ကာဇာဝါ

RMC Sports ရဲ့ ဖော်ပြချက်အရ PSG အသင်းဟာ ကာဇာဝါကို လာမယ့်နွေရာသီအတွင်း လက်လွှတ်ဆုံးရှုံးရဖွယ်ရှိတယ်လို့ သိရပါတယ်။

ကာဇာဝါ သာ အသင်းကနေထွက်ခွာပြီး အင်္ဂလန်ကိုပြောင်းရွှေ့ မယ်ဆိုရင် PSG အသင်းဟာလည်း သူ့နေရာအစားထိုးဖို့ လူသစ်တစ်ဦးရှာဖွေရမယ့်အခြေအနေဖြစ်ပါတယ်။

မယ်လ်ကွန်ဟာ ၂၀၁၅ ခုနှစ် က ပေါင် (၂၃)သန်းနဲ့ PSG အသင်းကိုရောက်ရှိခဲ့တာဖြစ်ပြီး ချယ်ဆီး ၊ စပါးစ် ၊ အာဆင်နယ် အသင်းတွေကလည်း ပစ်မှတ်ထားနေပါတယ်။

လာဆဲလက်စ် ကိုခေါ်ယူမယ့်အဲဗာတန်

Mirror ရဲ့ ရေးသားချက်အရ အဲဗာတန်အသင်းဟာ နယူးကာဆယ် ကစားသမား ဂျာမယ်လ်လာဆဲလက်စ် ကို ခေါ်ယူမယ်လို့သိရပါတယ်။

အသက် (၂၄) နှစ်အရွယ် လာဆဲလက်စ်ဟာ ၂၀၁၆ ခုနှစ်က နယူးကာဆယ်အသင်းရဲ့ အသင်း ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ယခုရာသီတွင်း နည်းပြ ဘင်နီတက်ဇ်ရဲ့ ချီးကျူးမှုကို ရရှိထားပါတယ်။

လာဆဲလက်စ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့ (၆)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ယခုရာသီအတွင်းမှာ ပွဲ (၃၀) ပါဝင်ကစားခွင့်ရရှိထားပါတယ်။

မှတ်ချက်များ။