လီဗာပူးလ်အသင်း ကစားသမား ဘ၀မှာ ပျော်ရွှင်နေတယ်လို့ ဆိုခဲ့တဲ့ ဆာလက်

Yan Yan

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမားဆာလက်ကတော့ အသင်းနဲ့အဆူ ဆုဖလားတွေများစွာ ထပ်မံရယူချင်သေးတယ်လို့ ပြောကြားခဲ့ပြီး လက်ရှိထွက်ပေါ်နေခဲ့တဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ သတင်းတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။

နည်းပြ ဂျာဂင်ကလော့ရဲ့ လီဗာပူးလ်အသင်း မေလ (၂၆) ရက်နေ့မှာ ရီးရဲလ်အသင်းနဲ့ တွေ့ဆုံကစားရဖို့ရှိနေပြီး ဆာလက်အနေနဲ့လည်း ကစားသမားဘ၀ တစ်ဆင့်မြှင့်တင်နိုင်မယ့် အောင်မြင်မှုရယူနိုင်ဖို့ ဒီပွဲစဉ်အပေါ်မှာ အာရုံစိုက်နေပါတယ်။ဒီရာသီမှာ လက်ရှိအချိန်ထိ လီဗာပူးအသင်းအတွက် သွင်းဂိး (၄၃) ဂိုးသွင်းယူပေးထားခဲ့တဲ့ ဆာလက်ကို ရီးရဲလ်အသင်းအပြင် တခြားအသင်းတော်တော်များများကလည်း ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေရှိနေခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုထွက်ပေါ်နေခဲ့တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဆာလက်က “ လီဗာပူးလ်အသင်း အားလုံးကကောင်းမွန်တဲ့အရာတွေအဖြစ်ရှိနေပြီး ဒီအသင်းမှာ အလွန်ကို ပျော်ရွှင်နေပါတယ်။လီဗာပူးလ်အသင်းနဲ့အတူ အနာဂတ်အစီအစဉ်တွေများစွာကိုလည်း စဉ်းစားထားပြီးပါပြီ ။ အသင်းနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပြီလို့ဆိုရမှာပါ။”

“ အခုမှ အသင်းကိုစရောက်တာ (၁) ရာသီသာရှိသေးပြီး အရာအားလုံးက အခုမှအစပြုတာပါ။တခြားကစားသမားတွေမှာလည်း ဒီလိုမျိုးတူညီတဲ့ အခြေအနေကို ပိုင်ဆိုင်ထားတာတွေရှိနေပါတယ်။ တကယ်ကို မယုံကြည်နိုင်စရာ ကောင်းတဲ့နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ရတာပါ” ဆိုပြီးပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (၂) ခုကို ယခုနှစ်ရာသီအတွက် ရယူထားနိုင်ခဲ့တဲ့ ဆာလက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘောလုံးအားကစား ကလောင်ရှင်များကပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မှတ်ချက်များ။