ဆီမြွန်နီရဲ့ပြစ်ဒဏ်ကိုအယူခံဝင်ခဲ့တဲ့အက်သလက်တီကိုမက်ဒရစ်အသင်း

Thet Htet Lin

မေလ (၄)ရက်နေ့မှာ UEFA မှ ချမှတ်ခဲ့တဲ့ပြစ်ဒဏ်အရ ကွင်းဘေးမှ ကြီးကြပ်ခွင့် (၄)ပွဲ ပိတ်ပင်ခံထားရတဲ့ အက်သလက်တီကိုမက်ဒရစ် နည်းပြ ဆီမြွန်နီဟာ မာဆေးလ် အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ အနီးကပ် ကြီးကြပ်ခွင့်ရဖို့ အယူခံဝင်ခဲ့ပါတယ် ။

ဆီမြွန်နီဟာ ဧပြီလ (၂၆)ရက်နေ့က အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို ဒေါသတကြီးနဲ့ စောဒက တက်ခဲ့တဲ့ အပြုအမူ ကြောင့် အဆိုပါပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် (၁၀)မိနစ်မှာပဲ အသင်းရဲ့ ကစားသမား ဗာဆယ်ကို ဟာ အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဆီမြွန်နီက ဒေါသထွက်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက် (၂)မိနစ် အကြာမှာပဲ ဆီမြွန်နီဟာ ပွဲကြည့်စင်ပေါ်ကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ် မှာတော့ ဆီမြွန်နီဟာ ပွဲကြည့်စင်ပေါ်မှသာ ကြည့်ရှုခွင့်ရရှိခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လာမယ့် မေလ (၁၇)ရက်နေ့မှာ မာဆေးလ်အသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဆီမြွန်နီ ကွင်းဘေးမှ အနီးကပ် ကြီးကြပ်ခွင့်ရဖို့ အသင်းတာဝန်ရှိသူတွေကကြိုးစားပြီး အယူခံဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း UEFA မှ တာဝန်ရှိသူတွေကတော့ အဆိုပါ အယူခံတင်သွင်းမှုကို ပယ်ချခဲ့ပါတယ်။ ဒါကြောင့် မေလ (၁၇)ရက်နေ့ ဗိုလ်လုပွဲစဉ်မှာ ဆီမြွန်နီအနေနဲ့ ပွဲကြည့်စင်ပေါ်မှသာ ကြည့်ရှုခွင့်ရ မှာလည်းဖြစ်ပါတယ်။

မှတ်ချက်များ။