ဒူးဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်မယ့်အဲလ်ဗက်စ်

Thet Htet Lin

PSG အသင်းရဲ့ ဘရာဇီးလ်ညာနောက်ခံကစားသမား ဒန်နီအဲလ်ဗက်စ်ဟာ ပြင်သစ်ကိုပါဒယ်ရေး ဗိုလ်လုပွဲစဉ် မှာရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။

အဲလ်ဗက်စ်ဟာ အဆိုပါဒဏ်ရာကို ပြင်သစ်တတိယတန်းကလပ် လက်စ်ဟာဘီယားစ် အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်ကိုပါဒယ်ရေး ဗိုလ်လုပွဲစဉ်မှာ ရရှိခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာ လူစားလဲခဲ့ရပါတယ်။ အဲဒီအချိန်မှာ အဲလ်ဗက်စ်အတွက် အပြင်းထန်ဆုံးစိုးရိမ်မှုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရမှာ ကိုပဲဖြစ်ပါတယ။်

စစ်ဆေးအတည်ပြုချက်တွေအရ အဲလ်ဗက်စ် အနေနဲ့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်မှာဖြစ်ပြီး ပွဲစဉ်တွေကနေ (၆)လ လောက် အနားယူရမှာဖြစ်ပါတယ်။

PSG အသင်းရဲ့ ထုတ်ပြန်မှုမှာတော့ – “ ပြင်သစ်ကိုပါဒယ်ရေးဗိုလ်လုပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာ စစ်ဆေးမှုတွေအပြီး အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလား အတွက် အများကြီး မျှော်လင့်ပြင်ဆင်ထားလို့မရတော့ပါဘူး။ လက်ရှိကစားသမားရဲ့ အခြေအနေကိုကြည့်ပြီး PSG အသင်းရဲ့ ဆေးအဖွဲ့ ၊ ဘရာဇီးအသင်းရဲ့ ဆေးအဖွဲ့တွေက ခွဲစိတ်မှုသည်သာ အကောင်းဆုံးရွေးချယ်မှု ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူ့ရဲ့ ဒူးကို ခွဲစိတ်လို့ ရပြီဆိုတဲ့ အခြေအနေကျရင် ခွဲစိတ်ကုသမှု တွေ လုပ်သွားပါ့မယ်။ ” လို့ ဆိုပါတယ်။

လက်ရှိချိန်မှာ အဲလ်ဗက်စ်ဒဏ်ရာရသွားတာကြောင့် သူ့နေရာကိုအစားထိုးဖို့ PSG အသင်းဖော် မာကွင်ဟိုစ် ၊ မန်ချက်စတာစီးတီးနောက်ခံလူ ဒန်နီလိုတို့ ဟာ ဖြစ်နိုင်ချေရှိနေပါတယ်။

မှတ်ချက်များ။