လာမယ့်ရာသီမှာလီဗာပူးလ်အသင်းကအဓိကစိန်ခေါ်မှုအသင်းဖြစ်ကြောင်းဂွါဒီယိုလာပြောကြား

Thet Htet Lin

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နောက်ရာသီ သူတို့အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ရာမှာ လီဗာပူးလ်အသင်းက အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် ရာသီပြီးဆုံးဖို့ တစ်ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ ချန်ပီယံ မန်ချက်စတာစီးတီးဟာ လီဗာပူးလ်အသင်းထက် (၁၉)မှတ်အသာရထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လီဗာပူးလ်အသင်းက မန်ချက်စတာစီးတီးအသင်း ကို အနိုင်ယူကာဖြုတ်ချခဲ့အပြီးမှာတော့ ဂွါဒီယိုလာက လာမယ့်ရာသီမှာ လီဗာပူးလ်အသင်း ဟာ သူတို့အတွက် အဓိက ပြိုင်ဘက်ဖြစ်လာမည်ဖြစ်ကြောင်း ဆိုပါတယ်။

“ ဒီရာသီမှာ သူတို့က အဓိက ကြီးမားတဲ့ စိန်ခေါ်သူ အသင်းဖြစ်ခဲ့သလို နောက်ရာသီမှာ လည်း ဖြစ်ဦးမှာပါပဲ။ လီဗာပူးလ်တစ်သင်းတည်းလို့တော့မ ပြောလိုပါဘူး။ ဒါပေမယ့် သူတို့ကစားပုံ နဲ့ ကစားသမားတွေရဲ့ ခြေစွမ်းက လုံးဝကို ချီးကျူးစရာပါ။ ” လို့ ဂွါဒီယိုလာကပြောပါတယ်။

“ နောက်တန်းမှာဆိုရင်လည်း ကျွန်တော်မြင်တာ ဗန်ဒိုက် က အသင်းအတွက် အရမ်းအားကိုးရတယ်။ အထူးသဖြင့် နောက်တန်း ဂိုးစည်းထဲမှာပေါ့။ ရှေ့တန်းရော နောက်တန်းရောမျှတဲ့အသင်းပါ။ ဂျာဂန်ကလော့ပ်ကလည်း ထိပ်တန်းနည်းပြတစ်ဦးပါပဲ။ တိုက်စစ်ဖန်တီးမှုကိုပဲ အသားပေး ကစားတာ မျိုးမဟုတ်ဘဲ ၊ ပရိသတ်အကြိုက်ကိုချည်းပဲ ကစားတာမျိုးမဟုတ်ဘဲ မျှအောင် ကစားနိုင်ပါတယ။် သူက အမြဲအကောင်းမြင်စိတ်ရှိပြီး ကလပ်အသင်းမှာလည်း နာမည်ကောင်းတစ်ခုကို ပိုင်ဆိုင်ထား ပါတယ်။ ” လို့ ဂွါဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။