ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်နေ့မှာဘာတွေဖြစ်လာနိုင်မလဲ?

Thet Htet Lin

၂၀၁၇-၁၈ ဘောလုံးရာသီ ပရီးမီးယားလိဂ် ရာသီသိမ်းပွဲစဉ်တွေကို ယနေ့ညမှာ ယှဉ်ပြိုင်ကစားကြ တော့မှာဖြစ်ပါတယ်။ ပွဲစဉ် (၃၈) အပြီး ဘယ်အသင်းတွေ ဘယ်လိုအခြေအနေမှာ ရပ်တည်နိုင်မှာ လဲ ဆိုတာကို Fox Sports Aisa နဲ့အတူ ရင်ခုန်ကြည့်ကြရအောင်ပါ။

လီဗာပူးလ်အသင်းနဲ့ ချယ်ဆီးအသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် ဒီနေ့ည ကစားမယ့် ပွဲစဉ်တွေမှာ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။

လက်ရှိ မကစားရသေးခင် အချိန်မှာတော့ လီဗာပူးလ်အသင်းက ချယ်ဆီးအသင်းထက် (၂)မှတ်အသာနဲ့ အမှတ်ပေးဇယားရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

တန်းဆင်းဇုန်မှာတော့ ဆောက်သင်မ် တန်အသင်းက ရမှတ် (၃၆)မှတ်နဲ့ အဆင့် (၁၇)နေရာမှာ ရပ်တည်နေသလို ဆွမ်ဆီးအသင်း က ရမှတ် (၃၃)မှတ်နဲ့ အဆင့် (၁၈)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၃၈)ရဲ့ ပွဲစဉ်အားလုံးကို ယနေ့ည မြန်မာစံတော်ချိန် (၈)နာရီခွဲ အချိန်မှာ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

ဆောက်သင်မ်တန်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းဟာ နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့မယ်ဆိုရင် တော့ ပရီမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ရမှတ် (၁၀၀) ရရှိတဲ့ ပထမဆုံး အသင်း ဖြစ်လာမှာပါ။

ဘန်လေအသင်းကတော့ လက်ရှိချိန်မှာ အမှတ်ပေးဇယား အဆင့် (၇) နေရာမှာရပ်တည်နေပြီး ယူရိုပါလိဂ် ဝင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ဒီညကစားမယ့် ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာတော့ ရမှတ် ပိုရအောင်ယူပြီး ဆုကြေးငွေမြင့်တက်လာဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

စတုတ္ထနေရာ အခိုင်အမာနီးပါးရရှိခဲ့ပြီဖြစ်တဲ့လီဗာပူးလ်

လီဗာပူးလ်အသင်းကတော့ လက်ရှိချိန်မှာ အမှတ်ပေးဇယား စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဖိအားပေးနေတဲ့ ချယ်ဆီးအသင်းဟာ ဟက်ဒါစ်ဖီးလ် အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သလို လီဗာပူးလ်အသင်းဟာ ဂိုးကွာခြားချက်မှာလည်း အသာရနေတာကြောင့် ဒီနေ့ည ပွဲစဉ်မှာ သရေတစ်မှတ်ရလျှင်ပင် နည်းပြဂျာဂန်ကလော့ပ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါ တယ်။

တကယ်လို့သာ တတိယနေရာမှ စပါးစ်အသင်းကလည်း လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ပြီး လီဗာပူးလ်အသင်းကလည်း အနိုင်(၃)မှတ် စွမ်းဆောင်နိုင်မယ်ဆိုရင် အမှတ်ပေးဇယားရဲ့ တတိယနေရာ အထိပင် တက်လှမ်းနိုင်တဲ့ အခြေအနေရှိနေပါတယ်။

ချယ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေက အတော်လေးခဲယဉ်းနေပါတယ်။

ချယ်ဆီးအသင်းဟာ ယနေ့ညပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အနိုင်ရပြီး လီဗာပူးလ် အသင်းက လည်း ဘရိုက်တန်အသင်းကို ရှုံးနိမ့်မှသာ နည်းပြကွန်တီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်တွေ အသက်ဝင်လာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချယ်ဆီးအသင်းအတွက် လက်ရှိချိန်မှာ ယူရိုပါလိဂ် တစ်နေရာ သေချာနေပြီဖြစ်ပါတယ်။

တန်းဆင်းဖို့သေချာသလောက်ရှိခဲ့ပြီဖြစ်တဲ့ဆွမ်ဆီး

ဆွမ်ဆီးအသင်းကတော့ လာမယ့် ၂၀၁၈-၁၉ ဘောလုံးရာသီမှာ တန်းဆင်းရဖို့ သေချာသလောက်ရှိခဲ့ ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ကပ်လျက်ပြိုင်ဘက် ဆောက်သင်မ်တန်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယား အဆင့် (၁၈)ကို ရောက်သွားခဲ့ပါတယ်။

ဆောင်သင်မ်တန်အသင်းကတော့ အဆင့်(၁၈) နေရာမှ ဆွမ်ဆီးအသင်းထက် (၃)မှတ် အသာရထားသလို ဂိုးကွာခြားချက် (၉)ဂိုး အသာရထားပါတယ်။

ယနေ့ညပွဲစဉ်မှာ ဆောက်သင်မ်တန်အသင်း ရှုံးနိမ့်ခဲ့လျှင်တောင် ဆွမ်ဆီးအသင်းဟာ စတုတ်စီးတီးအသင်းကို သွင်းဂိုးအများကြီးနဲ့ အနိုင်ယူမှသာ ပရီးမီးယားလိဂ် မှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

ဆောက်သင်မ်တန်အသင်းကတော့ ယခုတစ်ပတ်မှာ ရာသီတစ်လျှောက် သွင်းဂိုး (၁၀၅)ဂိုး သွင်းယူ ထားတဲ့ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ဒါကြောင့် စိတ်လှုပ်ရှားစရာတွေ ပြည့်နေတဲ့ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွေမှာ ဘာတွေဆက်ဖြစ် လာမလဲ? ယနေ့ညမှာ စောင့်ကြည့်ကြရအောင်ပါ။

ပရီးမီးယားလိဂ်ပွဲစဉ် (၃၈)

ဘန်လေ Vs ဘုန်းမောက်

နယူးကာဆယ် Vs ချယ်ဆီး

ခရစ္စတယ်ပဲလေ့စ် Vs ဝက်စ်ဘရွန်း

ဆောက်သင်မ်တန် Vs မန်ချက်စတာစီးတီး

ဟက်ဒါစ်ဖီးလ် Vs အာဆင်နယ်

ဆွမ်ဆီး Vs စတုတ်စီးတီး

လီဗာပူးလ် Vs ဘရိုက်တန်

စပါးစ် Vs လက်စတာစီးတီး

မန်ချက်စတာယူနိုက်တက် Vs ဝက်ဖို့ဒ်

ဝက်စ်ဟမ်း Vs အဲဗာတန်

မှတ်ချက်များ။