နေမာကိုခေါ်ယူချင်တဲ့အသင်းတွေထဲမှာပါဝင်လာတဲ့မန်ချက်စတာယူနိုက်တက်၊ဆာလက်ရဲ့ရီးယဲလ်မက်ဒရစ်အပြောင်းအရွှေ့အတွက်ကတိပြုခဲ့တဲ့လီဗာပူးလ်

Thet Htet Lin

၂၀၁၇-၁၈ ဘောလုံးရာသီ ပြီးဆုံးဖို့ အချိန်ရောက်ရှိလာပြီဖြစ်သလို မကြာခင်မှာ နွေရာသီ အပြောင်း အရွှေ့ဈေးကွက် စတင်တော့မှာဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်လျက်ရှိတဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

နေမာကိုခေါ်ချင်တဲ့အသင်းတွေထဲမှာပါဝင်လာတဲ့မန်ချက်စတာယူနိုက်တက်

Mirror ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ PSG ကစားသမား နေမာကို ရီးယဲလ်မက်ဒရစ်အသင်းထက် လက်ဦးမှုယူပြီး ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

နေမာဟာ PSG အသင်းမှာ အောင်မြင်မှုတစ်ခုရအောင် ကစားပေးထားနိုင်ပေမယ့်လည်း လက်ရှိချိန် မှာတော့ ခြေဖဝါးဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ဘာနေမျူးကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နေမာကို ပေါင် သန်း (၂၀၀)နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေသလို နေမာရဲ့ ဖခင်ဖြစ်သူ နေမာဆန်းတို့စ်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိနေပါတယ်။

ဆာလက်ရဲ့ရီးယဲလ်မက်ဒရစ်အပြောင်းအရွှေ့အတွက်ကတိပြုခဲ့တဲ့လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဆာလက်အနေနဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် အကောင်းဆုံး ကစားပေးမယ် ဆိုလျှင် ရီးယဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခွင့်ရဖို့ အာမခံတယ်လို့ပြောကြားခဲ့ကြောင်း Don Balon က ဖော်ပြပါတယ်။

အီဂျစ်လက်ရွေးစင်တစ်ဦးဖြစ်တဲ့ ဆာလက်ဟာ မကြာသေးခင်က ရီးယဲလ်မက်ဒရစ်အသင်းကိုပြောင်း ရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါ တယ်။

လီဗာပူးလ်အသင်းဟာ ယခုရာသီတွင်း (၄၃)ဂိုး သွင်းယူထားတဲ့ ဆာလက်ကို ရိုးမားအသင်းထံမှ ပေါင် (၄၂)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ကစားသမားအနေနဲ့ မေလ (၂၆)ရက်နေ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အာရုံစိုက်ထားဖို့ ဆန္ဒရှိနေပါတယ်။

ကူလီဘာလီကိုခေါ်ယူချင်တဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ အားနည်းချက်တွေရှိနေတဲ့ သူတို့နောက်တန်းကို အားဖြည့်ဖို့အတွက် နာပိုလီအသင်းရဲ့ ကစားသမား ကာလီဒူကူလီဘာလီကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ကူလီဘာလီဟာ ယခုရာသီတွင်း နာပိုလီအသင်းအတွက် အကောင်းဆုံးပါဝင်ကစားပေးထားပြီး စီးရီးအေ ပေးဂိုး (၂၈)ဂိုး သာရှိပါတယ်။

ကူလီဘာလီဟာ အသင်းနဲ့ ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် (၅၃) သန်းလို့ ခန့်မှန်းထားပါတယ်။

လင်ဒီလို့ဖ် ကိုအငှားနဲ့ခေါ်ယူမယ့်ဝုဖ်ဗာဟန်တန်

ပရီမီးယားလိဂ်မှာတန်းတက်လာမယ့် ဝုဖ်ဗာဟန်တန် အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်း ကစားသမား လင်ဒီလို့ဖ်ကို အငှားနဲ့ခေါ်ယူမည်ဖြစ်ကြောင်း Mirror က ဖော်ပြပါတယ်။

Centre-back ကစားသမားတစ်ဦးအနေနဲ့သာမက full-back ကစားသမားတစ်ဦးအနေနဲ့ပါ ကစားနိုင် တဲ့ လင်ဒီလို့ဖ်ဟာ ဝုဖ်ဗာဟန်တန် အသင်းနောက်တန်းအတွက် အသင့်တော်ဆုံး ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အသက် (၂၃)နှစ်အရွယ် လင်ဒီလို့ဖ်ဟာ ယခုရာသီတွင်း (၁၇)ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပွဲထွက်ခွင့် ပိုရနိုင်မယ့် အသင်းတစ်ခုခုကို ပြောင်းရွှေ့ကစားလိုနေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ စိတ်ဝင်စားခြင်းကိုခံရတဲ့ ကော်လမ်လန်း

အဲဗာတန်အသင်းဟာ ဝီဂန်အသင်းရဲ့ လူငယ်ကစားသမား ကော်လမ်လန်းကို ခေါ်ယူမည်ဖြစ်ကြောင်း ESPN ကဖော်ပြပါတယ်။

ကော်လမ်လန်းဟာ လက်ရှိချိန်မှာ လိဂ်တူးကလပ် Morecambe မှာ အငှားနဲ့ ကစားနေပြီး သွင်းဂိုး (၁၀) ဂိုးသွင်းယူထားကာ ဖူဟမ်အသင်း ကစားသမား ဆီဂတ်ဆန်ရဲ့နောက် ဒုတိယသွင်းဂိုးအများဆုံးလူငယ်ကစားသမားအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။

လူငယ်ကစားသမားတွေကို မွေးထုတ်ပေးလေ့ရှိတဲ့ အဲဗာတန်အသင်းဟာ ကော်လမ်လန်းရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးဖို့ စိတ်ကူးထားပြီး သူတို့ရဲ့ အနာဂတ်ကစားသမားအဖြစ် သတ်မှတ်ထားပါ တယ်။

မှတ်ချက်များ။