ခြေစွမ်းပြသခဲ့တဲ့ ဘေးလ်ကြောင့် လူစာရင်းရွှေးချယ်ရာမှာ ဘေးကျပ်နံကျပ် ဖြစ်စေတယ်လို့ ဆိုခဲ့တဲ့ ဇီဒန်း

Yan Yan

ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂါရတ်ဘေးလ်ပြသခဲ့တဲ့ ခြေစွမ်းပိုင်းကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အတွက် လူစာရင်းရွေးချယ်ရာမှာ ခေါင်းကိုက်ရတော့မယ်လို့ ဆိုခဲ့ပါတယ်။

ဘေးလ်ကတော့ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်အသင်းမှာပွဲထွက်ခွင့်အတွက် ရုန်းကန်နေခဲ့ရပြီး ရာသီကုန်မှာအသင်းကနေထွက်ခွာတော့မယ်လို့ ထင်ကြေးပေးခြင်းခံနေရသူဖြစ်ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်တာဗီဂိုအသင်းကို ရီးရဲလ်အသင်းက (၆) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဂါရတ်ဘေးလ် သွင်းဂိုး သွင်းယူနိုင်ခဲ့သလို ရီးရဲလ်အသင်းကလည်း (၆) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ပြသခဲ့တဲ့ခြေစွမ်းပိုင်းဟာ ဘေးလ်အနေနဲ့ မေလ(၂၆) ရက်နေ့ လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ် ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရရှိဖို့အတွက် အသင့်ဖြစ်နေခဲ့ပြီဆိုပြီး သက်သေပြခဲ့တာလို့ ဆိုနိုင်ပါတယ်။

“ လက်ရှိ ဘယ်လူစာရင်းကို ရွေးချယ်ရမယ်ဆိုတာကို သေချာမသိသေးပါဘူး”

“ အသင်းမှာ ရှိတဲ့သူတိုင်းက ပွဲစဉ်တွေအတွက်အသင့်ဖြစ်နေခဲ့တာက ဗိုလ်လုပွဲစဉ်မှာ ကစားမယ့် လူစာရင်းရွေးချယ်ရမယ့် နည်းပြတစ်ဦးအတွက် ခက်ခဲနိုင်တယ်လို့ပြောချင်ပါတယ်။”

“ ဘေးလ်ဒီနေ့မှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး သူရဲ့သွင်းဂိုးအတွက်လည်း ပျော်ရွှင်ရပါတယ်။သူအကောင်းဆုံး ကစားခဲ့တယ်ဆိုတာကို ဂိုးသွင်းယူနိုင်ခဲ့လို့ ပြောတာမဟုတ်ပါဘူး ၊ သူတကယ်ကို အရာတိုင်းကို အကောင်းဆုံး စွမ်းဆောင်ခဲ့ပါတယ်”

“ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မတိုင်ခင်မှာ ဗီလာရီးရဲလ်အသင်းနဲ့ ကစားရဖို့ ကျန်ရှိနေပါသေးတယ်။” လို့ ဇီဒန်းက ဘေးလ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။