ဂါရက်ဘေးလ်ကိုကမ်းလှမ်းမယ့်မန်ချက်စတာယူနိုက်တက်၊ဟီဂူအင်ချယ်ဆီးကိုပြောင်းရွှေ့မှာလား

Thet Htet Lin

နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် ထွက်ပေါ်လျက်ရှိတဲ့ အပြောင်းအရွှေ့ကောလဟာလ သတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဂါရက်ဘေးလ်ကိုကမ်းလှမ်းမယ့် မန်ချက်စတာယူနိုက်တက်

Don Balon ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်း ဟာ ယူရို သန်း (၆၀)နဲ့ အတူ မာရှယ်ကို အလိုက်ပေးပြီး ဂါရက်ဘေးလ် ကို ကမ်းလှမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။

အသက် (၂၈)နှစ်အရွယ်ဂါရက်ဘေးလ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်ကစားခွင့် တစ်နေရာ အတွက် ရုန်းကန်နေရပြီး ဘာနေမျူးကနေထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

ယူရိုသန်း (၁၀၀)နဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ရောက်ရှိခဲ့တဲ့ ဂါရက်ဘေးလ်ဟာ ယခုရာသီမှာ သွင်းဂိုး (၂၈)ဂိုး သွင်းယူပေးထားပါတယ။်

ဟီဂူအင် ချယ်ဆီးကိုပြောင်းရွှေ့မှာလား?

တကယ်လို့သာ ချယ်ဆီးအသင်းဟာ မော်ရီဇီယိုဆာရီ ကို နည်းပြသစ်အဖြစ်ခန့်အပ်မယ်ဆိုရင် ဂျူဗင်တပ်စ်ကစားသမား ဟီဂူအင်ကိုပါ ခေါ်ယူဖွယ်ရှိကြောင်း Tuttosport က ရေးသားပါတယ်။

ဟီဂူအင် နဲ့ မော်ရီဇီယိုဆာရီ တို့ဟာ ယခင်က နာပိုလီအသင်းမှာ လက်တွဲခဲ့ဘူးပြီး မိုရာတာနဲ့လည်း တွဲဖက်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့မိုရာတာဟာ စီးရီးအေမှာ ပြန်လည်ခြေချကစား ဖို့ ဆန္ဒရှိနေတယ်လို့လည်းသိရပါတယ်။

ဘာစီလိုနာအသင်းကိုရောက်ရှိနိုင်တဲ့ဂရစ်ဇ်မန်း

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ သူတို့အသင်းကစားသမား ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်း ထံ ယူရို (၁၁၅)သန်းနဲ့ရောင်းချဖို့ သဘောတူညီမှုရခဲ့တယ်လို့ Sport က ဖော်ပြပါတယ်။

ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ အလျှင်အမြန်အလိုရှိနေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ။်

Take the L 😝🕺

A post shared by Antoine Griezmann (@antogriezmann) on Apr 8, 2018 at 10:17am PDT

ရွန်းနီအပေါ်သဘောထားကွဲလွဲမှုမရှိတဲ့ဆမ်အလာဒိုက်စ်

အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ်က သူနဲ့ ဝိန်းရွန်းနီကြားမှာ မည်သည့်သဘောထားကွဲလွဲမှု မှ မရှိကြောင်း ပြောကြားလိုက်ပါတယ်။

ဆမ်အလာဒိုက်စ်က ဝက်စ်ဟမ်းအသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ပြောကြားခဲ့ရာမှာ – “ ကျွန်တော် ရာနှုန်းပြည့်ပြောရဲပါတယ်။ ကျွန်တော်နဲ့ ရွန်းနီကြားမှာ ဘာပြဿနာမှမရှိပါဘူး။ ” လို့ ဆိုပါတယ်။

ရွန်းနီဟာ ဒီဇင်ဘာလတည်းကစတင်ကာ အဲဗာတန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ မေဂျာလိဂ် ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ သတင်းတွေထွက်ပေါ်နေပါတယ်။

နယူးကာဆယ်အသင်းနဲ့ ဆွေးနွေးနေတဲ့ ဒူဗရာကာ

နယူးကာဆယ်အသင်းဟာ သူတို့ဆီမှာ အငှားနဲ့လာရောက်ကစားနေတဲ့ ဂိုးသမား မာတင်ဒူဗရာကာ ကို အပြီးသတ်ခေါ်ယူဖို့ဆွေးနွေးနေကြောင်း Chronicle Live က ဖော်ပြပါတယ်။

ဒူဘရာကာဟာ ချယ်ဆီးအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသိမ်းပွဲစဉ် မှာ ပါဝင်ကစားခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် (၆)သန်း ပေးရဖွယ်ရှိနေပါတယ်။

ဒူဘရာကာဟာ ဇန်နဝါရီလမှာ နယူးကာဆယ်အသင်းကို အငှားနဲ့ရောက်လာခဲ့တာဖြစ်ပြီး (၄)ပွဲ ပါဝင်ကစားထားပါတယ်။

မှတ်ချက်များ။