တာစတီဂျန်ကိုပစ်မှတ်ထားနေတဲ့မန်ချက်စတာယူနိုက်တက်၊မေချယ်ဆယ်ရီကိုခေါ်ယူဖို့ဆွေးနွေးနေတဲ့အာဆင်နယ်

Thet Htet Lin

နွေရာသီဈေးကွက်မတိုင်ခင်ထွက်ပေါ်လျက်ရှိတဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

တာစတီဂျန် ကို ပစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်း ဂိုးသမား မာ့ခ်အန်ဒရေးတာစတီဂျန် ကို ဒီဂီယာ နေရာမှာ အစားထိုးဖို့ ခေါ်ယူလိုတယ်လို့ သိရပါတယ်။

တာစတီဂျန်ရဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်ထိ ကျန်ရှိနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ယူရိုသန်း (၁၀၀)နဲ့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဂီယာဟာ နောက်ထပ် နွေရာသီမှ စာချုပ်ပြည့်မှာဖြစ်ပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ အချိတ်အဆက်တွေရှိနေပါတယ်။

မေချယ်ဆယ်ရီကိုခေါ်ယူဖို့ဆွေးနွေးနေတဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ နိုက်စ်အသင်းရဲ့ ကစားသမား ဂျင်းန်မေချယ်ဆယ်ရီကိုခေါ်ယူဖို့ ပစ်မှတ် ထားနေကြောင်း Mirror က ဖော်ပြပါတယ် ။

အသက် (၂၆)နှစ်အရွယ် ဆယ်ရီရဲ့ တန်ကြေးဟာ ပေါင်သန်း(၄၀) လို့ခန့်မှန်းထားပြီး ချယ်ဆီးအသင်းက လည်း ပစ်မှတ်ထားနေပါတယ်။

မေချယ်ဆယ်ရီကို အာဆင်နယ်အသင်းက ကြိုးစားနေတဲ့အချိန်မှာပဲ ချယ်ဆီးအသင်းက ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေထွက်ပေါ်ပါသေးတယ်။

အယ်လ်ဒါဝီရယ် ကိုခေါ်ယူမယ့်မန်ချက်စတာယူနိုက်တက်

Evening Standard ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးစ်ကစားသမား အယ်လ်ဒါဝီရယ် ကို ခေါ်ယူခွင့်ရဖို့ ကြိုးစားနေပါတယ်။

အသက် (၂၉)နှစ် အရွယ် အယ်လ်ဒါဝီရယ် ဟာ စပါးစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပျက်ပြယ် ခဲ့ပြီး ပြောင်းရွှေ့ကြေးပေါင်သန်း(၄၀) ရှိတယ်လို့ ခန့်မှန်းထားရပါတယ်။

အယ်လ်ဒါဝီရယ်ကိုခေါ်ယူဖို့ ချယ်ဆီး ၊ PSG ၊ ဘာစီလိုနာအသင်းတွေကလည်း ကြိုးစားနေကြပါတယ်။

အသင်းပြောင်းရွှေ့ကစားလိုတဲ့မာဂွဲရား

လက်စတာစီးတီးအသင်းရဲ့ ကစားသမား ဟာရီမာဂွဲရားဟာ ကမ္ဘာ့ဖလားအပြီးမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်ခုခုကို ပြောင်းရွှေ့ချင်ကြောင်း Mirror က ဖော်ပြပါတယ်။

မာဂွဲရားဟာ လက်စတာစီးတီးအသင်းကို ပြီးခဲ့တဲ့နှစ်က ပေါင် (၁၂)သန်းနဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး လိဂ်ဖလားပွဲစဉ်တွေ့ဆုံမှုတုန်းက မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ရဲ့ ချီးကျူးမှုကိုလည်း ရရှိထားပါတယ်။

မာဂွဲရားဟာ လက်စတာစီးတီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

အာဆင်နယ်၊စပါးစ်အသင်းတွေကအလိုရှိနေတဲ့လမ်မီနာ

Footmercato ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းနဲ့ စပါးစ်အသင်းတွေဟာ ဆောက်သင်မ်တန် အသင်းရဲ့ ကစားသမား လမ်မီနာကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။

ဂါဘွန်လက်ရွေးစင်တစ်ဦးလည်းဖြစ်တဲ့ လမ်မီနာဟာ ပြီးခဲ့တဲ့နှစ်က ဂျူဗင်တပ်စ်အသင်းမှ ဆောက်သင်မ်တန် အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး (၁၅.၄)သန်းနဲ့ရောက်ရှိခဲ့တာဖြစ်ပါ တယ်။

ယခုရာသီတွင်း (၂၉)ပွဲ ပါဝင်ကစားထားတဲ့ လမ်မီနာကို အဲဗာတန်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတွေ ကလည်း ခေါ်ယူချင်နေပါတယ်။

မှတ်ချက်များ။