ဂရစ်ဇ်မန်းအသင်းမှာ ဆက်ရှိနေဖို့မျှော်လင့်နေတဲ့ ဂါဘီ

Yan Yan

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းအနေနဲ့ လာမယ့် မာဆေးလ်အသင်းနဲ့ ပွဲစဉ်ဟာ အသင်းအတွက် နောက်ဆုံးကစားတဲ့ ပွဲစဉ်မဟုတ်ဖို့ အသင်းခေါင်းဆောင် ဂါဘီက မျှော်လင့်နေခဲ့တယ်လို့ ဆိုပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်း အနေနဲ့ မာဆေးလ်အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာ အနိုင်ရရှိဖို့ ရာခိုင်နှုန်းက အနည်းငယ်များနေခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ ရေပန်းစားနေတဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းရဲ့ နောက်ဆုံးပွဲစဉ် ဖြစ်လာဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရစ်ဇ်မန်အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ကာလရှည် ချိတ်ဆက်မှုတွေရှိနေခဲ့ပြီး ဂါဘီအနေနဲ့ ဂရစ်ဇ်မန်း အသင်းမှာ ဆက်ရှိပြီး အသင်းနဲ့အတူ ဆုဖလားတွေ ပိုမိုရယူနိုင်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။

“ ကျွန်တော်တို့ တစ်နှစ်လုံး ဂရစ်ဇ်မန်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြောဆိုခဲ့ပြီးပါပြီ။သူရဲ့ ခြေစွမ်းပိုင်းကို ကြည့်ရတာ တကယ်ကို ကောင်းမွန်ပြီး ကြံ့ခိုင်မှု အပြည့်နဲ့ ပွဲအပေါ်ကို အာရုံစိုက်နိုင်ပါလိမ့်မယ်။ဘာလို့လည်းဆိုတော့ သူ့အတွက် ဆုဖလားတွေရယူနိုင်ဖို့က အရေးကြီးနေခဲ့လို့ပါ။”

“ သူရောက်ရှိနေခဲ့တဲ့ အဆင့်အတန်းဟာ ဆုဖလားတွေရယူနိုင်ဖို့ အလိုရှိနေမှာသေချာပါတယ်။ဒီဗိုလ်လုပွဲစဉ်ဆိုတာ သူ့ရဲ့နောက်ဆုံးပွဲစဉ်မဟုတ်ဖို့ မျှော်လင့်ပါတယ်။သူအသင်းမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့အလိုရှိနေတယ်ဆိုတာကို သူကောင်းကောင်းသိပါတယ်။” ဆိုပြီး ဂါဘီက ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။