အီဗရာ ဟီမိုဗစ်ကို ချန်လှပ်ခဲ့တဲ့ ဆွီဒင်အသင်းရဲ့ အံ့အားသင့်ဖွယ် ကမ္ဘာ့ဖလား လူစာရင်း

Yan Yan

ဆွီဒင်အသင်းအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် အသင်းရဲ့ (၂၃) ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့ရာမှာတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အီဗရာ ဟီမိုဗစ်ကို အံ့အားသင့်ဖွယ် ချန်လှပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

နိုင်ငံအသင်း လက်ရွေးစင်ကစားသမား ဘ၀ကနေ (၂၀၁၆) ခုနှစ်မှာ အနားယူခဲ့တဲ့ အီဗရာဟီမိုဗစ်ကတော့ နိုင်ငံအသင်း လူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ စကားစခဲ့ပေမယ့် လက်ရှိထုတ်ပြန်ခဲ့တဲ့ လူစာရင်းမှာတော့ ဂန္ထ၀င်တိုက်စစ်မှူး အီဗရာဟီမိုဗစ် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ဆွီဒင်းအသင်းအနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူးနေရာကို ယူအေအီးကလပ် အယ်လ်အိန်းအသင်းမှာ ကစားနေခဲ့တဲ့ မားကပ် ဘတ်ကိုအသင်းရဲ့ တိုက်စစ်မှာ အသုံးပြူသွားဖို့ စီစဉ်နေခဲ့တာဖြစ်ပါတယ်။နည်းပြ ဂျန်နီ အန်ဒါဆန် ရဲ့ ဆွီဒင်အသင်းဟာ ကမ္ဘာ့အဆင့် ရပ်တည်မှုအဆင့် (၂၃) နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အလေးပေးချက် ၈၀/၁ သာသက်မှတ်ခြင်းခံထားခဲ့ရတဲ့အသင်းဖြစ်ပါတယ်။

ဆွီဒင်အသင်းရဲ့ (၂၀၁၈) ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးသတ်လူစာရင်း

ဂိုးသမား – Karl-Johan Johnsson (Guingamp), Kristoffer Nordfeldt (Swansea), Robin Olsen (FC Copenhagen)

နောက်ခံလူ – Ludwig Augustinsson (Werder Bremen), Andreas Granqvist (Krasnodar), Filip Helander (Bologna), Pontus Jansson (Leeds), Emil Krafth (Bologna), Mikael Lustig (Celtic), Victor Lindelof (Manchester United), Martin Olsson (Swansea)

ကွင်းလယ် – Viktor Claesson (Krasnodar), Jimmy Durmaz (Toulouse), Albin Ekdal (Hamburger SV), Emil Forsberg (Leipzig), Oscar Hiljemark (Genoa), Sebastian Larsson (Hull City), Marcus Rohden (FC Crotone), Gustav Svensson (Seattle Sounders)

တိုက်စစ် – Marcus Berg (Al Ain), John Guidetti (Alaves), Isaac Kiese Thelin (Waasland-Beveren), Ola Toivonen (Toulouse)

မှတ်ချက်များ။