ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးတွေနဲ့ ယူရိုပါလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်

Yan Yan

အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ မာဆေးလ်အသင်းတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းက တိုက်စစ်မှူး ဂရစ်ဇ်မန်းရဲ့ ခြေစွမ်းပြသမှုနဲ့အတူ (၃) ဂိုးပြတ်နဲ့ အနိုင်ရယူပြီး ချန်ပီယံဆုကို ကိုင်မြှောက်ခွင့် ရရှိခဲ့ပါတယ်။

မာဆေးလ် ၀ – ၃ အက်သလက်တီိကို မက်ဒရစ်

ပွဲအနှစ်ချုပ်

ဒီပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ဂရစ်ဇ်မန်းက သွင်းဂီုး (၂) ဂိုးသွင်းယူခဲ့ပြီး အသင်းခေါင်းဆောင် ဂါဘီက နောက်ကျမိနစ် သွင်းဂိုး (၁) ဂိုးသွင်းယူခဲ့တာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အက်သလက်တီကို မက်ဒရစ်အသင်းထက် မာဆေးလ်အသင်းက ပိုကောင်းခဲ့ပေမယ့် အသင်းက ပြုလုပ်ခဲ့တဲ့ အမှားတစ်ခုကို တိုက်စစ်မှူး ဂရစ်ဇ်မန်း အသုံးချနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း လျင်လျင်မြန်မြန် တိုက်စစ်ဆင်ကစားခဲ့ပြီး သွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။

ပွဲမှတ်တမ်း

ပြင်သစ်မြေမှာ ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး မာဆေးလ်အသင်းလည်း အစကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ ပွဲစစချင်းမှာပဲ တိုက်စစ်မှူး ဂျာမိန်း (၁၈) ကိုက်စည်းထိပ်ကနေ သွင်းယူခဲ့တဲ့ ဘောလုံးက လွဲချော်သွားခဲ့ရတာ ဖြစ်ပါတယ်။ပြင်သစ်အသင်းအတွက် ခြေစွမ်းပြကစားခဲ့တဲ့ ကစားသမားတွေကြားထဲမှာ နောက်တန်းကစားသမား ဘူနာဆားလည်း ပါဝင်ခဲ့ပြီး အသင်းရဲ့ နောက်တန်းနဲ့ တိုက်စစ်ကိုတောင်ပံတစ်လျောက် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ပထမဆုံးအခွင့်အရေးကတော့ ပါရက်ခေါင်းတိုက်ချရာကနေ ပြန်ကျလာခဲ့တဲ့ ဘောလုံးကို အဆုံးသတ်ပိတ်သွင်းယူခဲ့တဲ့ ကိုကီရဲ့ မြေမကျကန်သွင်းချက်လို့ ဆိုရမှာဖြစ်ပြီး ဂရစ်ဇ်မန်း ဂိုးသွင်းယူနိုင်ဖို့ ဂါဘီရဲ့ ပေးပို့မှုကလည်း မအောင်မြင်ခဲ့ပါဘူး။

မာဆေးလ်အသင်းရဲ့ လူကပ်စ် အိုကမ်ပို့စ် ရဲ့ ခေါင်းတိုက်ချက်ကို အက်သလက်တီကို ဂိုးသမား အော့ဘလက် လက်စွမ်းပြကာကွယ်နိုင်ခဲ့သလို ပွဲမစခင်တည်းက ဒဏ်ရာ ပြဿနာရှိနေခဲ့တဲ့ ပါယက်ကို (၃၂) မိနစ်မှာ တံကောက်ကြော ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရတာက မာဆေးလ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ပွဲချိန်မိနစ် (၂၀) မှာတော့ မာဆေးလ်အသင်း နောက်တန်းကစားသမားတွေရဲ့ အမှားကနေ တစ်ဆင့် ဂရစ်ဇ်မန်း ရရှိခဲ့တဲ့ အခွင့်အရေးကို အသုံးချခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုးအဖြစ် ဂိုးသမားနဲ့ တစ်ဦးချင်း အနီးကပ်ကန်သွင်းယူခဲ့ပါတယ်။မာဆေးလ်အသင်း ခြေပဂိုးတွေ ရရှိဖို့ တိုက်စစ်ဆင်ပြီး ပြန်လည်ကစားခဲ့ပေမယ့်အချှုဉ်းနှီးပဲဖြစ်ခဲ့ပြီး အက်သလက်တီကို အသင်းကလည်း ထပ်မံဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ပထမပိုင်းက အက်သလက်တီကို အသင်းရဲ့ ဦးဆောင်မှုနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ပထမပိုင်း အထနှေးခဲ့တဲ့ အက်သလက်တီကိုအသင်း တိုက်စစ်မမြှင့်တင်ခြဲ့ပီး ကွင်းလယ်နဲ့ တိုက်စစ် ဟန်ချက်ညီညီ ထိုးဖောက်ခဲ့ပြီး ရရှိခဲ့တဲ့ အခွင့်အရေးကနေ ဂရစ်ဇ်မန်း ဂိုးဧရိယာထဲမှာ နောက်ထပ်တစ်ကြိမ် ကန်သွင်းခွင့် ရရှိခဲ့ပြီး ဒုတိယဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။မိနစ် (၅၀) ကျော်မှာ ထောင့်ကန်ဘောကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို ဂါဘီခေါင်းတိုက်သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးဘားပေါ်ကနေ ကျော်ထွက်သွားခဲ့ပါတယ်။

မာဆေးလ်အသင်း ရဲ့ လူစားဝင်ကစားသမား ဖြစ်တဲ့ အန်ဂျီကတော့ ဒီနေ့မှာ ခြေစွမ်းပြသနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး မြေမကျကန်သွင်းချက်ကိုလည်း ဂရစ်ဇ်မန်း ကာကွယ်နိုင်ခဲ့လို့သာ ခြေပဂိုးပေးရမယ့် အခွင့်အရေးကနေ အက်သလက်တီကို မက်ဒရစ်အသင်း သက်သာခဲ့ပါတယ်။နည်းပြဆီမြွန်နီအတွက် ဆုဖလားရယူနိုင်မယ့် သေချာစေခဲ့တဲ့ သွင်းဂိုးကိုတော့ ဂါဘီက ပွဲပြီးဆုံးခါနီးမှာ သွင်းယူပေးနိုင်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်း ထိုက်တန်တဲ့ နိုင်ပွဲတစ်ခုကို ရယူနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။

မှတ်ချက်များ။