နည်းပြဖြစ်သူ လိုအပ်တဲ့ ဆုဖလားတွေကို ရယူနိုင်လိမ့်မယ်လို့ ဆိုခဲ့တဲ့ ဒန်နီရို့စ်

Yan Yan

စပါးအသင်း နောက်ခံကစားသမား ဒန်နီရို့စ်က နည်းပြ ပွန်ချက်တီနိုအနေနဲ့ အလိုရှိနေတဲ့ ဆုဖလားတွေကို လာမယ့်ရာသီမှာ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ပွန်ချက်တီနိုကတော့ ယခုနှစ်ရာသီမှာလည်း စပါးအသင်းကို ထိပ်ဆုံး (၄) သင်းစာရင်းဝင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီး အသင်းရဲ့ လူစာရင်းပိုင်းဟာ တခြားထိပ်တန်း အသင်းတွေထက် အားနည်းနေခဲ့ပေမယ့် ရလဒ်ပိုင်းကိုတော့ အကောင်းဆုံး ထိန်းထားနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒါေ့ကြာင့် ပွန်ချက်တီနိုအနေနဲ့ လာမယ့်ရာသီမှာ အသင်းနဲ့အတူ ဆုဖလားတွေကို စတင်သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်နေခဲ့ပြီး ဒီလိုမျှော်လင့်ချက်တွေ ဖြစ်လာဖို့အတွက်ကိုလည်း ယုံကြည်နေခဲ့တယ်လို့ ဒန်နီရို့စ်က ဆိုခဲ့တာဖြစ်ပါတယ်။

“ နည်းပြဖြစ်သူကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အသင်းမှာ ရှိတဲ့ နည်းပြအဖွဲ့ဝင်တွေ နဲ့ အသင်းပိုင်ရှင်တို့ ပူးပေါင်းပြီး နည်းပြဖြစ်သူ ဘာလိုတယ်ဆိုတာကို ဖြည့်ဆည်းပေးရပါမယ်။ပြီးခဲ့တဲ့ ရာသီမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီအရာတွေကို ထားခဲ့လိုက်ပါပြီ။အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားအသစ်တွေ ရောက်ရှိလာပြီး လာမယ့်ရာသီမှာ ပိုမိုကောင်းမွန်တဲ့ရလဒ်တစ်ခုဆီကို တက်လှမ်းမယ့် နည်းပြဖြစ်သူကို တွန်းအားပေးရပါမယ်။” လို့ ဒန်နီရို့စ်က ဆိုပါတယ်။

အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်နေရာအတွက် ဘန်ဒေးဗီးစ်ကို ပေးအပ်ခဲ့ရတဲ့ ဒန်နီရို့စ်ကတော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပုံမှန်ပွဲထွက်ခွင့်နေရာကို ပြန်လည်ရယူမယ်လို့လည်းပြောကြားခဲ့ပါတယ်။စပါးအသင်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုထားခဲ့ပြီး (၂၀၂၁) ခုနှစ်ထိသက်တမ်း ကျန်ရှိနေခဲ့တဲ့ ဒန်နီရို့စ်ကတော့ ဒီရာသီမှာ အသင်းအတွက် (၁၇) ပွဲသာ ကစားခဲ့ရပြီး အသင်းပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

“ ဒီရာသီမှာ စိတ်ရည်မှုတွေ နဲ့ စိတ်ဓါတ်ပိုင်းကို အကောင်းဆုံးပုံစံဖြစ် ထိန်းချုပ်ခဲ့ရပါတယ်။အသင်းအတွက် ပွဲထွက်ကစားခွင့် နည်းပါးခဲ့ပေမယ့် စိတ်ဓါတ်ပိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။”

“ နည်းပြဖြစ်သူနဲ့ လက်တွဲပြီး (၃) နှစ်တာကလအတွင်းမှာ ကျွန်တော်ပွဲတွေအများကြီး ကစားခဲ့ဖူးပြီးပါပြီ ဒီရာသီမှာတော့ ဒေးဗီးစ် ကစားရတဲ့ ပွဲစဉ်တွေက ကျွန်တော့်ထက် ပိုများခဲ့ပါတယ်။”

“ အသင်းအတွက် ပွဲထွက်ခွင့်ပိုမိုရရှိနိုင်ဖို့တစ်ခုတည်းကိုပဲ ဆုတောင်းပါတယ်။ဒါပေမယ့် အသင်းမှာက နေရာတစ်နေရာကို ကစားသမား (၂) ဦးလောက်ရှိနေခဲ့ပြီး သူများတွေထက် ယှဉ်ပြိုင်ထက် မိမိကိုမိမိ ရင်ဆိုင်သွားရပါမယ်။ရာသီကြိုခြေစမ်းပွဲတွေ ရောက်ရှိလာဖို့ နီးကပ်ချိန်မှာတော့ ဒေးဗီးစ်ကော ကျွန်တော်ကောပွဲထွက်ခွင့်အတွက် အများကြီး ကြိုးစားအားထုတ်သွားမှာ ဖြစ်ပြီး ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဆိုင်သွားမှာပါ” ဆိုပြီး ဒန်နီိရို့စ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။