မန်ချက်စတာစီးတီးအသင်းနဲ့ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ဂွါဒီယိုလာ

Thet Htet Lin

မန်ချက်စတာစီးတီးအသင်းဟာ နည်းပြဂွါဒီယိုလာကို ၂၀၂၀-၂၁ ဘောလုံးရာသီအကုန်ထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

နည်းပြဂွါဒီယိုလာဟာ ယခုနှစ်ဘောလုံးရာသီမှာ မန်ချက်စတာစီးတီးအသင်းကို သမိုင်းတစ်လျှောက် စံချိန်တင်ရမှတ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြလည်းဖြစ်ပါ တယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြရာမှာတော့ – “ မန်ချက်စတာစီးတီး အသင်းအနေနဲ့ လက်ရှိနည်းပြ ဂွါဒီယိုလာကို သက်တမ်းတိုးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဆိုတာ ဝမ်းသာစွာနဲ့ ထုတ်ပြန်ကြေငြာအပ်ပါတယ်။ စာချုပ်သစ်အရ ဂွါဒီယိုလာဟာ အသင်းမှာ ၂၀၂၀-၂၁ ဘောလုံးရာသီကုန်အထိ ဆက်ရှိနေမှာပါ။ ဂွါဒီယိုလာဟာ ၂၀၁၆ နွေရာသီမှာ အသင်းကို ရောက်ရှိ ခဲ့တာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဒီရာသီမှာ စွမ်းဆောင်ပေးနိုင်ခဲ့ ပါတယ်။ စံချိန်တင်ရမှတ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားရယူပေးနိုင်ခဲ့သလို အာဆင်နယ်အသင်းကို (၃) ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး လိဂ်ဖလားမှာလည်း ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ နည်းပြသက်တမ်း တစ်လျှောက် အသင်းတစ်သင်းမှာ နှစ်အကြာဆုံးတာဝန်မှုကိုင်တွယ်မှုလည်းဖြစ်ပါတယ်။ ” လို့ ဆိုပါတယ်။

နည်းပြဂွါဒီယိုလာကလည်း ယခုလို အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ်ကို ကျေနပ်လို့နေပါ တယ်။

“ ကျွန်တော်အရမ်းပျော်ပြီးတော့ စိတ်တွေလှုပ်ရှားနေပါတယ်။ ဒီမှာအလုပ်လုပ်ရတာတကယ့်ကို ကျေနပ်စရာပါ။ နေ့တိုင်း ကစားသမားတွေနဲ့ တွဲလုပ်ရတာပျော်တယ်။ လာမယ့်နှစ်တွေအတွင်း အားလုံးလက်တွဲပြီး အတူကြိုးစားပါ့မယ်။ နည်းပြတစ်ဦးအတွက်ကတော့ ကစားသမားတွေနဲ့ အဆင်ပြေနေရပါမယ်။ ကျွန်တော်ကစားသမားတွေနဲ့ အဆင်ပြေပါတယ်။ ” လို့ နည်းပြဂွါဒီယို လာက ဆိုပါတယ်။

“ ကျွန်တော့်ကစားသမားတွေ ဖြစ်ချင်တဲ့အရာအပေါ်ကို အာရုံစိုက်ပြီး ပိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာအောင် ကြိုးစားရပါမယ်။ ကျွန်တော်ကြိုးစားရမှာက ကွင်းတွင်းစွမ်းဆောင်ရည်တွေ မြင့်မားလာ ဖို့နဲ့ ၊ ကစားသမားတွေစွမ်းရည်မြင့်မားလာဖို့ပါ။ ကျွန်တော်တို့မှာက ပျမ်းမျှအားဖြင့် အသက် (၂၃) နှစ်ရှိတဲ့ ကစားသမားစုဖွဲ့မှုကို ပိုင်ဆိုင်ထားတယ်။ ကျွန်တော်တို့တိုးတက်မှုကို ထိန်းသိမ်းမယ် ၊ ဒီရာသီမှာလုပ်နိုင်ခဲ့တဲ့ လက်ရှိအဆင့်တစ်ခုကို ထိန်းသိမ်းပါမယ်။ ” လို့ ဂွါဒီယိုလာက ဆက်လက်ပြော ကြားခဲ့ပါတယ်။

မှတ်ချက်များ။