အာတီတာကိုအာဆင်နယ်အသင်းနည်းပြအဖြစ်ဆောင်ရွက်ဖို့အာဆင်ဝင်းဂါးတိုက်တွန်းပြောကြား

Thet Htet Lin

နည်းပြအာဆင်ဝင်းဂါးက တစ်ချိန်က အသင်း ကစားသမားဟောင်းဖြစ်ခဲ့ဘူးတဲ့ အာတီတာကို သူ့နေရာဆက်ခံကာ အာဆင်နယ်အသင်းနည်းပြ အဖြစ်ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြား လိုက်ပါတယ်။

အာဆင်ဝင်းဂါးဟာ အာဆင်နယ် အသင်းကို (၂၂) နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ထွက်ခွာ တော့မှာဖြစ်ပြီး အာတီတာကို သူ့နေရာဆက်ခံ ခွင့်ပေးချင်နေတာ ဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ အာဆင်နယ်အသင်း နည်းပြ ဖြစ်လာဖို့ သတင်းထွက်နေတဲ့နည်းပြတွေ အများ ကြီးပါ။ အဲဒီထဲမှာမှ အာတီတာဟာ နည်းပြချုပ် အတွေ့အကြုံ မရှိပေမယ့်လည်း ရေပန်းအစားဆုံး သတင်းထွက်နေတာဖြစ်ပါတယ်။

အသက် (၃၆)နှစ်အရွယ် အာတီတာဟာ လက်ရှိ ချိန်မှာ နည်းပြဂွါဒီယိုလာလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပြီး ဂွါဒီယိုလာကိုယ်တိုင်ကလည်း ထောက်ခံ ထားပါတယ်။

အာဆင်ဝင်းဂါးက BEIN SPORTS ကို ပြောကြား ရာမှာ – “ သူ့မှာ ဒီအလုပ်ကို တာဝန်ယူဖို့ အရည်အချင်း အပြည့်ရှိပါတယ်။ သူက အသင့် တော်ဆုံးထဲကတစ်ယောက်ပါ။ သူကခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်ခဲ့ တယ်။ ပွဲတစ်ပွဲအတွက်ခံယူချက်ကောင်းရှိပြီး အသင်းအကြောင်း ကောင်းကောင်းသိတယ်။ အသင်းခေါင်းဆောင်ဖြစ်ခဲ့ဘူးတော့ အသင်းမှာ ဘာအရေးကြီးလဲ ကောင်းကောင်းသိပါတယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ ။ ” လို့ ဆိုပါတယ်။

အာတီတာဟာ နည်းပြချုပ်အတွေ့အကြုံမရှိတာ နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ – “ ကျွန်တော့်နောက်မှာ ကျွန်တော့်အတွေ့အကြုံ တွေကို ချန်ထားခဲ့ပါတယ်။ ဥပမာ လက်ထောက်နည်းပြ (၆)နှစ်သက်တမ်းရှိတဲ့ စတိဗ်ဘိုးဒ် ၊ ဂျန်းစ်လေမန်း တို့လို အရည်အချင်းရှိတဲ့ကစား သမားမျိုးတွေ ချန်ထားနိုင်ခဲ့တယ်။သူက ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ခဲ့ဘူးတယ်၊။ ဒါကြောင့် သူ့မှာအရည်အချင်း ရှိတယ်လို့ ယုံပါတယ်။ ” လို့ အာဆင်ဝင်းဂါးက ဆက်လက်ဖြေကြားခဲ့ပါတယ်။

မှတ်ချက်များ။