ဘူဖွန်ကိုအပြိုင်ခေါ်ယူမယ့်မန်စီးတီးနဲ့လီဗာပူးလ်၊ဒိုင်ဘာလာကိုခေါ်ယူဖို့စောင့်ကြည့်နေတဲ့ဆီမြွန်နီ

Thet Htet Lin

နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် ပေါ်ထွက်လျက်ရှိတဲ့ ကောလဟာလအပြောင်းအရွှေ့ သတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဘူဖွန်ကိုအပြိုင်ခေါ်ယူမယ့် မန်စီးတီးနဲ့လီဗာပူးလ်

Sun ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ အီတလီဂိုးသမား ဘူဖွန်ကို အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းနေကြပါတယ်။

အသက် (၄၀)အရွယ် ဘူဖွန်ဟာ ဂျူဗင်တပ်စ်အသင်းကနေထွက်ခွာတော့မှာဖြစ်ပြီး ကစားသမားဘဝမှ အနားမယူသေးဘူးဆိုရင် ကမ်းလှမ်းနိုင်မှာဖြစ်ပါတယ်။

ဘူဖွန်ကပြောကြားခဲ့ရာမှာ – “ အခုကျွန်တော် စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတွေနဲ့ ကွင်းတွင်း ရော ကွင်းပြင်ပမှာပါ ကမ်းလှမ်းမှုတချို့ရထားတယ်။ နောက်တစ်ပတ် အားလုံး အေးဆေးဖြစ်သွားပြီ ဆိုရင် ကျွန်တော့်အတွက် ဘာကအကောင်းဆုံးလဲ ဆုံးဖြတ်မှာပါ။ ” လို့ ဆိုပါတယ်။

ဒိုင်ဘာလာကိုခေါ်ယူဖို့စောင့်ကြည့်နေတဲ့ဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီဟာ အသင်းကထွက်ခွာဖွယ်ရှိတဲ့ ဂရစ်ဇ်မန်းရဲ့ နေရာမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားဒိုင်ဘာလာကို အစားထိုးခေါ်ယူဖွယ်ရှိတယ်လို့ Don Balon ရဲ့ ရေးသားချက်အရ သိရပါ တယ်။

အသက် (၂၄)နှစ်အရွယ် ဒိုင်ဘာလာဟာ ဒီရာသီအတွင်း သွင်းဂိုး (၂၆)ဂိုး သွင်းယူပေးခဲ့ပြီး ဆီမြွန်နီ အကြိုက်တွေ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဒိုင်ဘာလာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေချန်ပီယံ (၃)ကြိမ် ရယူထားပြီး ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။

အလီဆင်အတွက်ရီးယဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့တဲ့ရိုးမား

ရိုးမားအသင်းဟာ သူတို့အသင်းရဲ့ဂိုးသမား အလီဆင်အတွက် ရီးယဲလ်မက်ဒရစ်အသင်းထံမှ ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ကြောင်း Corrierre dello Sport က ဖော်ပြပါတယ်။

အသက် (၂၅)နှစ်အရွယ် အလီဆင်ဟာ ယခုရာသီအတွင်း စီးရီးအေမှာ လက်စွမ်းတစ်ခုပြသထား ပြီး ရီးယဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကိုခံနေရတာဖြစ်ပါတယ်။

အလီဆင်ဟာ ၂၀၁၆ ခုနှစ်က ရိုးမားအသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ယူရိုသန်း (၁၀၀) ထက်မနည်းတဲ့ ပြောင်းရွှေ့ကြေးရဖို့ ခန့်မှန်းထားပါတယ်။

🚀🤚🏼⚽️ #AB1

A post shared by Alisson Becker (@alissonbecker) on May 10, 2018 at 1:55am PDT

ရမ်ဆေးကို အာဆင်နယ်ရောင်းထုတ်တော့မှာလား?

အာဆင်နယ်အသင်းရဲ့ ကစားသမားရမ်ဆေးဟာ သက်တမ်းတိုးစာချုပ် လက်မှတ်ရေးထိုးဖို့ မအောင်မြင်ခဲ့ဘူးဆိုရင် အသင်းမှ ရောင်းထုတ်ခံရဖွယ်ရှိကြောင်း Sun က ဖော်ပြပါတယ်။

အသက် (၂၇)နှစ်အရွယ် ရမ်ဆေးကိုခေါ်ယူဖို့ ချယ်ဆီး ၊ မန်ချက်စတာယူနိုက်တက် ၊ ဂျူဗင်တပ်စ် အသင်းတွေက ပစ်မှတ်ထားနေပါတယ်။

ယခုရာသီတွင်း (၁၁)ဂိုးသွင်းယူပေးခဲ့တဲ့ ရမ်ဆေးဟာ လက်ရှိချိန်မှာ စာချုပ်သစ်အတွက် အာဆင်နယ် အသင်းနဲ့ ညှိနှိုင်းနေပါတယ်။

ကူလီဘာလီအတွက် ယူရိုသန်း (၁၂၀) ရည်မှန်းထားတဲ့နာပိုလီ

Rai Sport ရဲ့ ဖော်ပြချက်အရ နာပိုလီအသင်းဟာ သူတို့အသင်းရဲ့ကစားသမား ကူလီဘာလီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၁၂၀) သတ်မှတ်ထားပါတယ်။

အသက် (၂၆)နှစ်အရွယ် ကူလီဘာလီဟာ ယခုရာသီအတွင်း နာပိုလီအသင်းအတွက် အထူးခြေစွမ်း ပြကစားထားပြီး ရီးယဲလ်မက်ဒရစ် ၊ ချယ်ဆီး ၊ မန်ချက်စတာယူနိုက်တက်အသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ကူလီဘာလီဟာ နာပိုလီအသင်းနဲ့ ၂၀၁၉ ခုနှစ်ထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး အဆိုပါပြောင်းရွှေ့ ကြေးအတိုင်း ရောင်းထုတ်မယ်ဆိုရင် ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်မားဆုံး နောက်ခံလူဖြစ်လာမှာပါ။

မှတ်ချက်များ။