အာဆင်နယ်အသင်းမှထွက်ခွာရမည့်အရေးအတွက်တုန်လှုပ်နေဆဲဖြစ်ကြောင်းအာဆင်ဝင်းဂါးပြောကြား

Thet Htet Lin

အာဆင်နယ်အသင်းရဲ့နည်းပြအာဆင်ဝင်းဂါးက သူ့အနေနဲ့ အာဆင်နယ်အသင်းရဲ့နည်းပြဘဝ အဆုံးသတ်ရမည့်အရေးအတွက် တုန်လှုပ်ရုန်းကန်နေရဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရာသီသိမ်းပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ ဟက်ဒါစ်ဖီးလ်အသင်းကို (၁)ဂိုး ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့ပြီး ဒါဟာ အာဆင်ဝင်းဂါးရဲ့ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အာဆင်ဝင်းဂါးကတော့ သူ့ရဲ့ နောက်ထပ် ဘဝဖြတ်သန်းမှုအတွက် အစီအစဉ် ရေးဆွဲနေဆဲ ဖြစ်ပါတယ။်

အာဆင်ဝင်းဂါးဟာ မကြာသေးခင် ရက်သတ္တပတ်တွေကပဲ အသင်းပေါင်းများစွာထံမှ နည်းပြအဖြစ် ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း သူ့အနေနဲ့ ဘယ်ကိုသွားရမလဲဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။

“ ကျွန်တော် ဘာဆက်လုပ်မယ်ဆိုတာကို ပြောဖို့ တအားစောနေပါသေးတယ်။ ပြောရရင် ကျွန်တော့် အလုပ်စားပွဲတောင် မရှင်းရသေးပါဘူး။ ကျွန်တော် တုန်လှုပ်နေဆဲပါပဲ။ ကျွန်တော် ကမ္ဘာ့ဖလား စတင်မယ့် ဇွန်လ (၁၄)ရက်နေ့မတိုင်ခင်မှာ ဆုံးဖြတ်ချက်ချသွားပါမယ်။ ” လို့ အာဆင်ဝင်းဂါးကပြော ပါတယ်။

“ မေးခွန်းတွေကတော့အများကြီးပါပဲ။ နည်းပြအဖြစ်ဆက်ရှိချင်တာလား? ကွင်းပြင် ထွက်ထိုင်နေရမှာလား? မတူညီတဲ့ လုပ်ဆောင်ချက်တွေ ထပ်လုပ်ရမှာလား? ကျွန်တော်သေချာ ပြောနိုင်တာကတော့ အလုပ်ဆက်လုပ်ပါမယ်။ ဒါပေမယ့် ကျွန်တော် ထပ်ပြီးရော ခံစားနေရဦးမှာ လား? ကျွန်တော့်ဘောလုံးအားကစားအသိတွေကို ဆက်ပြီး ကာကွယ်သွားမယ်။ ဒါကတော့ သေချာ တယ်။ ကျွန်တော် နည်းပြအဖြစ် ဆက်ရှိနေချင်ပါသေးတယ်။ ဒါပေမယ့် သေချာပြီလို့လည်း မပြောရဲ ပါဘူး။ ” လို့ အာဆင်ဝင်းဂါးက ဆက်လက်ပြောကြားခဲ့ပါတယ်။

ယခုလအစောပိုင်းမှာ အင်္ဂလိပ် ကလပ်အသင်းတစ်သင်းမှ ကမ်းလှမ်းလာခဲ့လျှင် လက်ခံမည်လား ဆိုတဲ့မေးခွန်းကို မေးမြန်းခဲ့ရာမှာ အာဆင်ဝင်းဂါးက မဖြေကြားချင်ကြောင်းဆိုပါတယ်။

“ တခြားမေးခွန်းတွေကို လောလောဆယ် အတိအကျမဖြေချင်သေးပါဘူး။ အင်္ဂလိပ် အသင်း တစ်သင်း ကို နည်းပြအဖြစ်ဆောင်ရွက်ဖို့ စဉ်းစားရတာခက်ခဲပါတယ်။ လောလောဆယ်တော့ ဒါကို စိတ်မကူးသေးပါဘူး။ ” လို့ အာဆင်ဝင်းဂါးက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။