ပြင်သစ်အသင်း လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတဲ့ မာတီရယ် နဲ့ လာကာဇတ်

အာဆင်နယ် တိုက်စစ်မှူး လာကာဇတ် နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး လာကာဇတ်တို့ (၂) ဦးဟာ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလား အပြီးသတ် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့် (၂) ဦးလုံးကတော့ နည်းပြ ဒပ်ချန့်ရဲ့ အရံကစားသမား စာရင်းမှာ ရှိနေသေးတဲ့အတွက် အပြီးသတ်လူစာရင်းထဲ ကစားသမားတွေဒဏ်ရာရရှိခဲ့ရင်တော့ အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရရှိနိုင်ပါတယ်။

သူတို့ (၂) ဦးအပြင် ဇူးမား ၊ ဆာခို နဲ့ ဆစ်ဆိုကိုတို့လည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အရံကစားသမား စာရင်းမှာ ထည့်သွင်းခြင်း ခံခဲ့ရပါတယ်။ပြင်သစ်အသင်းအတွက် လာကာဇတ် ပြီးခဲ့တဲ့ နှစ်အတွင်းက (၆) ပွဲပါဝင်ကစားထားခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ ပြင်သစ်အသင်းမှာ များပြားနေခဲ့တာကြောင့် အခုလို ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ မာတီရယ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တာကြောင့် အခုလို လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး ပြင်သစ်အသင်းလူစာရင်းမှာ တိုက်စစ်မှူး (၇) ဦးထိပါဝင်ခဲ့ပါတယ်။

ပြင်သစ်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ တိုက်စစ်မှူးတွေကတော့
အန်တိုနီယို ဂရစ်ဇ်မန်း (အက်သလက်တီကို မက်ဒရစ်)
ဘာပေ (ပီအက်စ်ဂျီ)
အူစမာနီ ဒမ္ဘီလီ (ဘာစီလိုနာ)
ဂီးရော့ဒ် (ချဲလ်ဆီး)
လီမာ (မိုနာကို)
ဖီကာ (လိုင်ယွန်)
သာအူဗင် (မာဆေးလ်)
ဒီလူစာရင်းမှာ ပါဝင်ခဲ့တဲ့ နယူးကာဆယ် တိုက်စစ်မှူးဟောင်း သာအူဗင်ကတော့ မာတီရယ် နဲ့ လာကာဇတ်တို့ထက် ကံကောင်းခဲ့တယ်လို့ပဲဆိုရမှာပါ။

ဒီကစားသမား (၂) ဦးကိုချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ “ဒီမေးခွန်းကို မေးမယ်ဆိုတာကို သိထားပြီးသားပါ။ ကစားသမားတွေ မပါဝင်နိုင်ဘူးဆိုင် သူတို့နဲ့ ပတ်သက်ပြီး မေးမြန်းလာမှာဖြစ်လို့ ပြင်ဆင်ထားပြီးသားပါ။”

“နှစ်နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းမှာ ရှိတဲ့ကစားသမားတိုင်းမှာ ယုံကြည်ရတဲ့သူတွေပဲ ဖြစ်ပြီးထိပ်တန်းအဆင့် ကစားသမားတွေကိုပဲ စုစည်းထားခဲ့တာပါ။ ပြင်သစ်အသင်းအတွက် ကောင်းမွန်စေချင်တဲ့ စေတနာ တစ်ခုတည်းနဲ့ လူစာရင်းကို ရွေးချယ်ခဲ့တာပါ” ဆိုပြီး နည်းပြ ဒပ်ချန့်က ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာဒဏ်ရာ ရရှိခဲ့တဲ့ ပါယက်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပြီဖြစ်ပါတယ်။

“ သူကအသင်းရဲ့ လူစာရင်းမှာပါဝင်ရမယ့်သူပါ။ဒါပေမယ့် သူရဲ့ဒဏ်ရာပုံမှန်ပြန်ဖြစ်ဖို့ (၃) ပတ်လောက်လိုဦးမှာဖြစ်လို့ သူမပါတဲ့လူစာရင်းကို စိတ်မကောင်းစွာနဲ့ ထုတ်ပြန်ခဲ့ရပါတယ်” ဆိုပြီး ဒပ်ချန့်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်း

ဂိုးသမား Alphone Areola (Paris St Germain), Hugo Lloris (Tottenham Hotspur), Steve Mandanda (Olympique de Marseille)
နောက်တန်း Lucas Hernandez (Atletico Madrid), Presnel Kimpembe (Paris St Germain), Benjamin Pavard (VfB Stuttgart), Benjamin Mendy (Manchester City), Djibril Sidibe (Monaco), Adil Rami (Olympique de Marseille), Samuel Umtiti (Barcelona), Raphael Varane (Real Madrid)
ကွင်းလယ် Blaise Matuidi (Juventus), N’Golo Kante (Chelsea), Steven N’Zonzi (Sevilla), Paul Pogba (Manchester United), Corentin Tolisso (Bayern Munich)
ရှေ့တန်း Olivier Giroud (Chelsea), Antoine Griezmann (Atletico Madrid), Kylian Mbappe (Paris St Germain), Thomas Lemar (Monaco), Nabil Fekir (Olympique Lyonnais), Florian Thauvin (Olympique de Marseille), Ousmane Dembele (Barcelona)

မှတ်ချက်များ။