ဘိုင်ယန်မြူးနစ်ကိုအနိုင်ယူကာဂျာမန်ပိုကယ်ဖလားရယူနိုင်ခဲ့တဲ့ဖရန့်ဖတ်အသင်း

Thet Htet Lin

ယခုနှစ်ဘောလုံးရာသီရဲ့ ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲမှာတော့ ဖရန့်ဖတ်အသင်းက ဘိုင်ယန်မြူးနစ် အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ပွဲအစမှာ ဘိုင်ယန်မြူးနစ်အသင်းက အကောင်းဆုံးထိုးဖောက်နိုင်ခဲ့ပြီး သောမတ်စ်မူလာ ကန်ခွင့်တစ် ကြိမ်ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။ အဲဒီနောက် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ရဲ့ ပေးပို့မှုကို ကင်မစ်ခ်ျ အကောင်းဆုံးအသုံးမချနိုင်ခဲ့ပါဘူး။

အဲဒီနောက် လီဝန်ဒေါစကီးရဲ့ ကန်ချက်ဟာ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂိုးဘားနဲ့ထိပြီး လွဲချော်ခဲ့ပါ တယ်။

Das ist das Ding!!!

A post shared by Eintracht Frankfurt Official (@eintrachtfrankfurt) on May 19, 2018 at 1:30pm PDT

ပွဲကစားချိန် (၁၁)မိနစ်မှာပဲ ဘိုအာတန် ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် အန်တီရီဘစ်က ဖရန့်ဖတ် အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

အဖွင့်ဂိုးပေးလိုက်ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးရဖို့ အလျင်အမြန်ပဲ တိုက်စစ်ကိုပြန်စခဲ့ပေမယ့် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ရဲ့ အလွတ်တည်ကန်ဘောကို သောမတ်စ်မူလာ အကောင်းဆုံး အသုံးမချနိုင်ခဲ့သလို ပွဲချိန် (၃၅)မိနစ်မှာရရှိခဲ့တဲ့ လီဝန်ဒေါစကီးရဲ့ ကန်ချက်ဟာလည်း ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စပြီး ပွဲကစားချိန် (၅၃)မိနစ်မှာတော့ ကင်မစ်ခ်ျရဲ့ ဖန်တီးမှုမှတစ်ဆင့် လီဝန်ဒေါစကီး က ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

အဲဒီနောက် ဖရန့်ဖတ်အသင်းမှ မာစကာရယ် ရဲ့ မြေမကျဘောကန်သွင်းမှုကို ဘိုင်ယန်မြူးနစ် ဂိုးသမား အဲလ်ရစ်ခ်ျ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သလို တိုလီဆိုရဲ့ ကန်သွင်းမှုကိုလည်း မာကိုတိုဟာဆီဘီ ဟန့်တားနိုင်ခဲ့ပါတယ်။

အဲဒီနောက် ပွဲချိန် (၇၆)မိနစ်မှာ ရိုဒရီဂွတ်ဇ်ရဲ့ ဖြတ်တင်မှုကို လီဝန်ဒေါစကီးခေါင်းတိုက်ရာမှာ ဂိုးပေါက် နဲ့ အနည်းငယ် လွဲချော်သွားခဲ့ပါတယ်။

ဖရန့်ဖတ်အသင်းကလည်း ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပြီး ရီဘစ်ရဲ့ ကန်ချက်ဟာ ဂိုးပေါက်နဲ့ အတော်လေး လွဲချော်သွားခဲ့ပါတယ်။

ပွဲကစားချိန် (၈၂)မိနစ်မှာတော့ ဒန်နီဒါ ကော်စတာရဲ့ ဖန်တီးမှုမှတစ်ဆင့် အန်တီရီဘစ်က ဖရန့်ဖတ်အသင်းအတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် ဂိုးတော့ မဖြစ်ခဲ့ပါဘူး။

ပွဲချိန် မိနစ် (၉၀)မှာ ဂျက်ထရိုဝီလန်ရဲ့ ဖန်တီးမှုမှတစ်ဆင့် ဂါဆီနိုဗစ်က ဖရန့်ဖတ်အသင်းအတွက် တတိယမြောက်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ဖရန့်ဖတ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရကာ ဂျာမန်ပိုကယ်ဖလားချန်ပီယံဆုကို အရယူနိုင်ခဲ့ပါတယ်။

မှတ်ချက်များ။