ဗာဒီကိုကမ်းလှမ်းမယ့်အက်သလက်တီကိုမက်ဒရစ်၊ဘယ်လာရင်ကိုနောက်တစ်ကြိမ်ပစ်မှတ်ထားနေတဲ့ဂျူဗင်တပ်စ်

Thet Htet Lin

နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် မေလ (၂၀) ရက်နေ့ထိ နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေကို Fox Sports Asia မှ စုစည်းတင်ဆက်ပေးလိုက်ရပါ တယ်။

ဗာဒီကိုကမ်းလှမ်းမယ့်အက်သလက်တီကိုမက်ဒရစ်

Mirror ရဲ့ ဖော်ပြချက်အရ အသက်သလက်တီကိုမက်ဒရစ်အသင်းဟာ အသင်းမှ ထွက်ခွာတော့မယ့် ဂရစ်ဇ်မန်းရဲ့နေရာမှာ လက်စတာစီးတီးကစားသမား ဂျာမီဗာဒီနဲ့ အစားထိုးမည်ဖြစ်ကြောင်း ဆိုပါတယ်။

နည်းပြ ဆီမြွန်နီဟာ ပြီးခဲ့တဲ့ ရာသီကဗာဒီရဲ့ ခြေစွမ်းကို သဘောကျခဲ့ပြီး ဒီယေဂို ကော်စတာနဲ့ အလိုက်ဖက်ဆုံး ကစားသမားဖြစ်ကြောင်းလည်း ယုံကြည်ထားပါတယ်။

ဗာဒီဟာ လက်ရှိချိန်မှာ လက်စတာစီးတီးအသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးလျက်ရှိပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း (၂၀) ရှိလိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။

ဘယ်လာရင်ကိုနောက်တစ်ကြိမ် ပစ်မှတ်ထားနေတဲ့ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ကစားသမား ဘယ်လာရင်ကိုခေါ်ယူလို့ နောက်တစ် ကြိမ်ကမ်းလှမ်းလျက်ရှိကြောင်းသိရပါတယ်။

အသက် (၂၃)နှစ်အရွယ် ဘယ်လာရင်ကိုခေါ်ယူဖို့ ဂျူဗင်တပ်စ် အသင်းဟာ အရင်တည်းက ကမ်းလှမ်းခဲ့ဘူးပြီး ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၅၀) သတ်မှတ်ထားကြောင်းလည်းဆိုပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အဆိုပါငွေကြေးပမာဏကို ပေးချေဖို့ ဆန္ဒမရှိပေမယ့်လည်း အာဆင်နယ်အသင်းနဲ့ ညှိနှိုင်းခွင့်ရဖို့ ကြိုးပမ်းနေပါတယ်။

ဝီရှိုင်းယားPSG ကိုပြောင်းရွှေ့မှာလား?

L’Equipe ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ကစားသမား ဂျက်ဝီရှိုင်းယားဟာ ပြင်သစ်အင်အားကြီး ကလပ် PSG ကိုပြောင်းရွှေ့ဖွယ်ရှိတယ်လို့ဆိုပါတယ်။

အသက် (၂၆)နှစ်အရွယ် ဝီရှိုင်းယားဟာ လာမယ့်နွေရာသီတွင်း စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒီရာသီမှာ စုစုပေါင်း (၂)ဂိုး သွင်းယူပေးထားပါတယ်။

ဂျက်ဝီရှိုင်းယားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၃၄)ပွဲ ပါဝင်ကစားပေးထားပါတယ်။

ပြီးလုနီးပါးရှိပြီဖြစ်တဲ့ဖီကာရဲ့ အပြောင်းအရွှေ့

လိုင်ယွန်ကစားသမား နာဘီလ်ဖီကာ ဟာ ယခုနွေရာသီမှာ လီဗာပူးလ် အသင်းခေါ်ယူမယ့် ပထမဆုံးကစားသမားဖြစ်လာနိုင်ဖွယ်ရှိကြောင်း Mirror ကဖော်ပြပါတယ်။

အသက် (၂၄)နှစ်အရွယ် ဖီကာရဲ့ပြောင်းရွှေ့ကြေးကို ပေါင် သန်း(၆၀) ခန့်မှန်းထားပြီး ဒီရာသီ အတွင်းမှာ (၂၃)ဂိုး သွင်းယူပေးထားပါတယ်။

လိုင်ယွန်အကယ်ဒမီမှထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဖီကာဟာ ၂၀၁၄ ခုနှစ်ကတည်းက အသင်းကြီးမှာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

အသင်း(၃)သင်းမှ အပြိုင်ကြိုးပမ်းခေါ်ယူမယ့်ဖယ်လိုင်နီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖယ်လိုင်နီကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိကြောင်း Mirror ကဖော်ပြပါတယ်။

ချယ်ဆီးအသင်းနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်မှာ လွဲချော်ခဲ့တဲ့ ဖယ်လိုင်နီဟာ လက်ရှိချိန်မှာ ကမ်းလှမ်းမှု (၃)ခုရရှိထားပါတယ်။

ဖယ်လိုင်နီကတော့ တစ်ပတ်လုပ်ခ ပေါင် (၁)သိန်းရဖို့ မျှော်လင့်ထားပြီး ဘက်ဆစ်တပ် ၊ မာဆေးလ် ၊ မိုနာကိုအသင်းတွေက အပြိုင်ကြိုးပမ်းနေကြပါတယ်။

မှတ်ချက်များ။