ဂေါ့ဇီကိုမက်ဆီနဲ့တွန်းအားပေးနှိုင်းယှဉ်ခဲ့ခြင်းအပေါ်နောင်တရကြောင်းဂျိုအာချင်လိုပြောကြား

Thet Htet Lin

ဂျာမဏီနည်းပြ ဂျိုအာချင်လိုက ၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမတိုင်ခင် ဂေါ့ဇီကို လူသိရှင်ကြားအကြံပေး မှတ်ချက်စကားပြောခဲ့တာနဲ့ပတ်သက်ပြီး နောင်တရကြောင်း ပြောကြားလိုက်ပါတယ်။

ဂျာမဏီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ကစားခဲ့တဲ့ အဆိုပါ ဗိုလ်လုပွဲစဉ်မှာ ဂေါ့ဇီဟာ ပွဲပြီးခါနီး ပွဲချိန် (၈၈)မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက် ကစားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အချိန်ပိုထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ပွဲချိန် (၁၁၃) မိနစ်မှာ ဂေါ့ဇီက အဖိုးတန် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရကာ ဂျာမဏီအသင်း ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မတိုင်ခင်မှာ ဂျိုအာချင်လိုက ဂေါ့ဇီ အနေနဲ့ မက်ဆီထက်သာတယ်ဆိုတာ တစ်ကမ္ဘာလုံး ကို ပြသနိုင်ဖို့ လိုကြောင်း တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဂေါ့ဇီဟာ အဆိုပါစွမ်းဆောင်နိုင်မှုမျိုးကို နောက်တစ်ကြိမ်ထပ်မလုပ်နိုင်တော့ပါ ဘူး။ ဂေါ့ဇီဟာ ခြေစွမ်းအနည်းငယ် လျော့ကျလာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဘိုင်ယန်မြူးနစ် အသင်းမှ ဒေါ့မွန်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

ဂျိုအာချင်လိုက ဂေါ့ဇီရဲ့ခြေစွမ်းလျော့ကျခဲ့မှုမှာ သူ့ရဲ့ မှတ်ချက်ပြုစကားဟာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သက်ရောက်စေခဲ့ကြောင်း ဆိုပါတယ်။

“ ဒီစကားကို လူသိရှင်ကြား အကြံပေးပြောဆိုလိုက်တာ မှားသွားတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒီအကြံပေးစကားက နောက်ထပ် လတွေမှာ သူ့အတွက် အထောက်အကူမပြုခဲ့ဘူး။ သူ့ကို ဒါနဲ့ အမြဲ တိုင်းတာခဲ့တယ်။ ပြီးတော့ အဓိက ပွဲစဉ်မှာ အဆုံးအဖြတ်ဂိုးသွင်းယူလိုက်တာ သူ့အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေခဲ့တယ်။ ” လို့ ဂျိုအာချင်လိုက ပြောကြားခဲ့ပါတယ်။

ယခုနှစ် ကမ္ဘာ့ဖလားအတွက် ဂျိုအာချင်လို ရွေးချယ်ခဲ့တဲ့ ဂျာမဏီအသင်းရဲ့ ကနဦး လူစာရင်းမှာ ဂေါ့ဇီ မပါဝင် ခဲ့ပါဘူး။ ဒါ့အပြင် ဂျိုအာချင်လိုက ၂၀၁၇-၁၈ ဘောလုံးရာသီအတွင်းမှာ ဂေါ့ဇီရဲ့ ခြေစွမ်းဟာ သူမြင်ချင် တဲ့ခြေစွမ်းမျိုးမဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ။်

မှတ်ချက်များ။