ပုခုံးဒဏ်ရာမှပြန်လည်သက်သာလာတဲ့ အလက်ဇန်ဒါ ဂတ်စတပ်ဖ်ဆန်

Thet Htet Lin

ဆွီဒင်နိုင်ငံသား ယူအက်ဖ်စီကစားသမား အလက်ဇန်ဒါဂတ်စတပ်ဖ်ဆန် ဟာ မကြာသေးခင် ကပဲ သူ့ရဲ့ ပုခုံးခွဲစိတ်မှုကနေပြန်လည်သက်သာလာပြီဖြစ်ကြောင်း အင်စတာဂရမ်စာမျက်နှာမှ တစ်ဆင့် အသိပေးခဲ့ပါတယ်။

ဂတ်စတပ်ဖ်ဆန်ဟာ (၁၂)လတာအတွင်းခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ သူဟာ ၂၀၁၆ အောက်တိုဘာလက နေစတင်ပြီး ဒဏ်ရာကြောင့်အနားယူခဲ့ရတာဖြစ် ပါတယ်။ အဲဒီမတိုင်ခင်မှာတော့ Glover Teixeira နဲ့ထိုးသတ်ခဲ့ပြီး ပြောင်မြောက်စွာ အနိုင် ယူခဲ့တာကြောင့် ဆုကြေးငွေအများအပြားရရှိခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ သူ့ကို ဆရာဝန်တွေက ဘယ်လိုကုသမှုမျိုးတွေပြုလုပ်ခဲ့တယ်ဆို တာကို အင်စတာဂရမ်မှတစ်ဆင့် လွှင့်တင်ခဲ့ပါတယ်။

လက်ရှိချိန်မှာတော့ ဂပ်စတပ်ဖ်ဆန် အနေနဲ့ ကြိုးဝိုင်းထဲကို ဘယ်လိုပုံစံနဲ့ ပြန်လာမလဲဆိုတာ ကတော့ အတိအကျမသိရသေးပါဘူး။ ဒါပေမယ့်လည်း ယူအက်ဖ်စီ အဆင့်သတ်မှတ်မှုမှာ သူဟာ လိုက်ဟဲဗီးဝိတ် တစ်ဦးဖြစ်တာကြောင့် ဒယ်နီရယ်ကော်မီရာနဲ့ ဗော့ကန်အိုဒီမာ တို့ ထိုးသတ်တဲ့ပွဲစဉ်မှာ အနိုင်ရရှိတဲ့ ကစားသမားနဲ့ ထိုးသတ်ဖွယ်ရှိနေပါတယ်။

မှတ်ချက်များ။