ယူအက်ဖ်စီ – ၂၂၁ ကို လွဲချော်တော့မယ့် ၀စ်တိတ်ကာ

Thet Htet Lin

သြစတေးလျနိုင်ငံသား ယူအက်ဖ်စီ မစ်ဒယ်ဝိတ်ချန်ပီယံ ရောဘတ်ဝစ်တိတ်ကာ ဟာ ရေကျောက် ပေါက်ခဲ့တာကြောင့် သူ့ရဲ့ချန်ပီယံကာကွယ်ပွဲအဖြစ် လုခ်ရော့ခ်ဟိုး နဲ့ထိုးသတ်မယ့်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

ဝစ်တိတ်ကာနဲ့ ရော့်ခ်ဟိုး ထိုးသတ်မယ့်ပွဲစဉ်ကို ယူအက်ဖ်စီ – ၂၂၁ အဖြစ် လာမယ့်အပတ်အတွင်း ပါ့သ် မြို့မှာ ထိုးသတ်ဖို့စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ ၀စ်တိတ်ကာအစား ယိုးလ်ရိုမီရို က ရော့ခ်ဟိုးနဲ့ ထိုးသတ်မှာဖြစ်ပါတယ်။

ရောဘတ်ဝစ်တိတ်ကာကပြောကြားရာမှာ – “ ကျွန်တော် ဆိုးရွားတဲ့ ရောဂါကူးစက်ခံခဲ့ရတာကြောင့် ဒီပွဲကို လွဲချော်ခဲ့တာပါ။ သက်သာလာဖို့ ရုန်းကန်ခဲ့ရပြီး အဲဒီရောဂါသက်သာလာချိန်မှာပဲ ရေကျောက်ထပ်ပေါက်ခဲ့ပါ တယ်။ ဒါကြောင့် ကျွန်တော့်မျက်နှာတစ်ခုလုံး အခု အနီစက်တွေဖြစ်နေပါတယ်။ ဒါက တကယ့်ကိုစိတ်ရှုပ်စရာပါ။ လူတိုင်းဒီလိုခံစားရရင် တကယ့်ကိုကြောက်စရာပါပဲ။” လို့ဆိုပါတယ်။

ဒါ့အပြင် ၀စ်တိတ်ကာက ရိုမီရိုနဲ့ ရော့ခ်ဟိုး တို့ထိုးသတ်မယ့်ပွဲစဉ်မှ အနိုင်ရရှိသူနဲ့ ထိုးသတ်ရမယ်ဆိုရင် အဲဒီ ပွဲစဉ်ကိုလည်း ကြိုပြီး စိတ်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။

“ တကယ်လို့ အဲဒီပွဲက အနိုင်ရတဲ့သူနဲ့ ထိုးသတ်ရမယ်ဆိုရင် ကျွန်တော်ပျော်မိမှာပါ။ နံပတ်(၁)နဲ့ နံပတ်(၂) ဖိုက် တာနှစ်ဦး ထိုးသတ်မယ့်ပွဲပါ။ ဒီပွဲစဉ်ကို ပရိသတ်တစ်ယောက်အနေနဲ့ အားပေးပါတယ်။ ဒီပွဲကိုသွားကြည့်ချင်ပါ တယ်။ ပရိသတ်တွေလည်း ကျွန်တော့လိုပဲ ဒီပွဲကိုကြည့်ချင်နေမှာပါ။ ယိုးလ်ရိုမီရိုပဲ နိုင်မှာလား ။ ရော့ခ်ဟိုးပဲ အနိုင်ရမှာလား စောင့်ကြည့်ရပါမယ်။ ” လို့ ၀စ်တိတ်ကာက ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။