ခါဘစ်နဲ့ထိုးသတ်မယ့်ပွဲအတွက်ဖာဂူဆန်ကိုအကြံပေးစကားပြောခဲ့တဲ့ဂျွန်ဆင်

Thet Htet Lin

ယူအက်ဖ်စီလိုက်ဝိတ်တန်း ယာယီချန်ပီယံ တိုနီဖာဂူဆန် ဟာ လာမယ့် ဧပြီလ (၇)ရက်နေ့မှာ ယူအက်ဖ်စီ-၂၂၃ အဖြစ် ခါဘစ် နဲ့ ထိုးသတ်တော့မှာဖြစ်ပြီး သူတို့(၂)ဦးလုံးနဲ့ထိုးသတ်ခဲ့ဘူးတဲ့ မေချယ်ဂျွန်ဆင်က ဒီပွဲနဲ့ပတ်သက်ပြီး အကြံပေးပြောကြားတာမျိုးတွေ ရှိပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ မေချယ်ဂျွန်ဆင်ဟာ ဖာဂူဆန်ကို အနိုင်ရရှိခဲ့ပြီး တိုနီဖာဂူဆန်အတွက် အဆိုပါရှုံးပွဲဟာ သူ့ရဲ့ ယူအက်ဖ်စီ ကစားသမားဘ၀သက်တမ်းတစ်လျှောက် ပထမဆုံးရှုံးပွဲကြုံတွေ့မှုလည်းဖြစ်ခဲ့ပါတယ်။ မေချယ်ဂျွန်ဆင်ဟာ ၂၀၁၆ နိုဝင်ဘာလမှာ ခါဘစ်နဲ့ ထိုးသတ်ခဲ့ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။

ဖာဂူဆန်နဲ့ ခါဘစ်တို့ရဲ့ပွဲစဉ်မှာ ဘယ်သူနိုင်မလဲဆိုတာ ဂျွန်ဆင်ကို မေးမြန်းခဲ့ရာမှာတော့ – “ ဒီပွဲက သိပ်ကောင်းမယ့်ပွဲစဉ်ပါ။ ဒီပွဲကိုကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဖာဂူဆန်ရော ခါဘစ်ရော တိုးတက်လာတဲ့ ကစားသမားတွေဖြစ်လို့ပရိသတ်တွေအတွက် ဒီပွဲက ခမ်းနားတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ သူတို့ (၂)ယောက်ထိုးသတ်တဲ့ပွဲစဉ်ကနေပြီး တကယ့် လိုက်ဝိတ်ချန်ပီယံ အစစ်အမှန် ပေါ်ထွက်လာမှာပါ။ ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ခါဘစ်အတွက်ကတော့ ဒါဟာ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် သတ်မှတ်ထားပြီး ဂျွန်ဆင်က ဖာဂူဆန်အတွက် အကြံဥာဏ်တချို့ပေးခဲ့ပါတယ်။

“ ခါဘစ်ကို နိုင်ဖို့ အဓိက သော့ချက်က သူနဲ့ အနီးကပ်မထိုးဘဲ အချုပ်မခံရဖို့ပါ။ လှုပ်ရှားမှုတွေကို ထိန်းသိမ်းရပါမယ်။ ဖာဂူဆန်မှာက သိပ်ကောင်းတဲ့ လှုပ်ရှားမှုတွေသုံးပြီး ထိုးသတ်တတ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ခါဘစ်နဲ့ ဝေးဝေးနေပြီး ချုပ်တာမခံရအောင် ရှောင်နိုင်ဖို့လိုပါတယ်။ ”

“ ခါဘစ်ကတော့ သူ့ကိုဖိအားပေးမှာပဲ။ သူ့ကို လှဲသိပ်နိုင်ဖို့လိုတယ်။ သူနိုင်ချင်ရင် အဲဒီလိုမျိုး လုပ်ရမှာပဲ။ အားလုံးလည်းသိပါတယ်။ ခါဘစ်ကိုဘယ်သူမှ မနိုင်သေးပါဘူး။ ဒါကြောင့် ဖာဂူဆန် များ ခါဘစ်ကို နိုင်မလား စောင့်ကြည့်ရပါမယ်။ ကျွန်တော်ကတော့ မထင်မိပါဘူး။ ဒါပေမယ့် ပြောနိုင်တာက တော့ ဖာဂူဆန်မှာ သူ့ကို တုန့်ပြန်ထိုးသတ်နိုင်တဲ့ အရည်အချင်းတစ်ခုရှိပါတယ်။ ” လို့ မေချယ်ဂျွန်ဆင်ကပြောကြားခဲ့ပါတယ။်

မှတ်ချက်များ။