ဂျိုရွှာနဲ့ထိုးသတ်ဖို့ စိတ်အားထက်သန်နေတဲ့ တိုင်ဆန်ဖျူရီ နဲ့ တခြားသူနဲ့ ထိုးသတ်ဖို့သာ စိတ်ထဲရှိနေတဲ့ ဂျိုရွှာ

Thet Htet Lin

ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဗျူရီဟာ ဂျိုရွှာနဲ့ထိုးသတ်ဖို့မျှော်လင့်နေပြီး လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေချိန်မှာပဲ ဂျိုရွှာကတော့ တခြားဘက်ကို အာရုံရောက်နေပါတယ်။
ဂျိုရွှာနဲ့ ဖျူရီတို့ကြားမှာ အပြန်အလှန်ဝေဖန်ပြောကြားမှုတွေရှိနေပါတယ်။
သေချာတာကတော့ ကစားသမား(၂)ဦးစလုံးဟာ အရမ်းအလှမ်းကွာတဲ့အဆင့်တစ်ခုမှာ အသီး သီးရပ်တည်နေကြတာဖြစ်ပါတယ်။ ဂျိုရွှာဟာ လက်ရှိချိန်မှာ ကမ္ဘာ့လက်ဝှေ့စင်မြင့်ပေါ်မှာ အောင်မြင်မှု တွေရယူထားတဲ့ကစားသမားဖြစ်ပြီး တိုင်ဆန်ဖျူရီကတော့ အချိန်ကာလတစ် ခု ကြာ ကစားသ မားဘ၀မှ အနားယူထားပြီး လက်ဝှေ့လောကကို တစ်ကျော့ပြန်ဝင်ရောက်ဖို့ စိုင်းပြင်းနေသူဖြစ် ပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့က ဖျူရီရဲ့ ကာလကြာရှည်စွာစောင့်စားခဲ့ရတဲ့ လေ့ကျင့်ခန်းပြုလုပ်နေ မှုပုံရိပ်ဗီဒီယိုနှစ်ခုကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာကနေ မြင်တွေ့ခဲ့ရပါတယ်။

Still got it, the dancing ? master also the ? ????????

A post shared by Tyson Fury (@gypsyking101) on Nov 13, 2017 at 9:26am PST

တိုင်ဆန်ဖျူရီ ကတော့ တကယ်ပဲ ဂျိုရွှာနဲ့ထိုးသတ်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
အဆိုပါပွဲစဉ် တကယ်ဖြစ်လာဖို့က မသေချာသေးပေမယ့်လည်း လက်ရှိ IBF , WBA , IBO ဟဲဗီးဝိတ်ချန်ပီယံ ဂျိုရွှာကတော့ WBC ချန်ပီယံ ဒီယွန်တေးဝိုင်ဒါနဲ့ ထိုးသတ်ဖို့အတွက် ညှိနှိုင်း မှုတွေပြုလုပ်နေပါတယ်။
ဒါ့ပြင် ဂျိုရွှာဟာ ဂျိုးဆပ်ပါကားနဲ့လည်း ထိုးသတ်ဖို့ ပြောဆိုဆွေးနွေးမှုတွေရှိပေမယ့် အဆိုပါ နယူးဇီလန်သားကတော့ ဒီပွဲစဉ်ဟာဖြစ်လာဖို့ ဝေးနေသေးကြောင်း ပြောပါတယ်။
ဂျိုးဆပ်ပါကားရဲ့ ပရိုမိုတာက – “ ကျွန်တော်အရှင်းဆုံးပဲပြောချင်ပါတယ်။ သူဝိုင်ဒါနဲ့ထိုးပြီး မှ ကျွန်တော်နဲ့ထိုးမလား။ ကျွန်တော်နဲ့ဝိုင်ဒါနဲ့ထိုးဖို့က တော့ ၅၀-၅၀ ပါပဲ။ သူတို့ ၀ိုင်ဒါနဲ့ပဲထိုးသတ်ချင်ရင် ထိုးသတ်လို့ရပါတယ်။ ၀ိုင်ဒါ ချန်ပီယံခါးပတ်(၃)ခုရပြီဆိုတဲ့အချိန် ကျရင်တော့ ကျွန်တော်ဝိုင်ဒါနဲ့ ထိုးမှာပါ ” လို့ပြောပါတယ်။
ဖြစ်နိုင်ခြေရှိတာကတော့ ဖျူရီအနေနဲ့ နောက်ထပ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ရှန်နွန် ဘရစ်ခ်ျနဲ့ ထိုးသတ်ဖို့ ဆွေးနွေးသင့်ပါတယ်။ အသက်(၄၅)နှစ်အရွယ် ရှန်နွန်ဟာ တိုင်ဆန် ဖျူရီကို စိန်ခေါ်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

First session back on pads. With @bendavison_ in @hattongym feeling good, ???

A post shared by Tyson Fury (@gypsyking101) on Nov 13, 2017 at 9:21am PST

“ ကျွန်တော်ရဲ့ ရည်မှန်းချက်က တိုင်ဆန်ဖျူရီနဲ့ထိုးသတ်ဖို့ပါ။ သူဟာ တကယ့်ကိုကြမ်းတမ်းတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ တွစ်တာမှာသူကျွန်တော့်ကို စကားစစ်ထိုးထားတာရှိပါတယ်။ သူ့ရဲ့တစ်ကျော့ပြန် ထိုးသတ်မှုက ခက်ခဲပြီး သူ့အတွက်ခက်ခဲတဲ့ ပြိုင်ဘက်က ကျွန်တော်ပါပဲ။ ကျွန်တော်တို့ (၂)ယောက်လုံးအတွက်ကတော့ အကြီးကျယ်ဆုံးပွဲပါပဲ။ တကယ်လို့ သူ့မှာသာ စွမ်းရည်တွေကျန်သေးတယ်ဆိုရင် (၄၅)နှစ်အရွယ် ပြိုင်ဘက်တစ်ယောက်ကို ဘာကြောင့် မထိုးနိုင်ရမှာလဲ ” လို့ ရှန်နွန် ဘရစ်ခ်ျ က ပြောကြားခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်မျိုးတွေ ကတော့ ဟဲဗီးဝိတ်လောကမှာ အများကြီးရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ဒီလိုပုံပြင်ဟောင်းတွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ရူးသွားနိုင်ပါတယ်။

မှတ်ချက်များ။