ဟဲဗီးဝိတ်လောကမှာ ဘယ်သူအကောင်းဆုံးလဲ သက်သေပြမယ့်ဝိုင်ဒါ

Thet Htet Lin

လက်ဝှေ့ကျော် ဒီယွန်တေးဝိုင်ဒါဟာ သူ့အနေနဲ့ ဂျိုရွှာနဲ့ထိုးသတ်ဖို့ကို မစောင့်ဆိုင်းနိုင်တော့လောက်အောင် ဖြစ်နေပြီး ဟဲဗီးဝိတ်လောကမှာ ဘယ်သူက အကောင်းဆုံး ဆိုတာ သက်သေပြချင်နေကြောင်း ပြောကြား လိုက်ပါတယ်။

ဝိုင်ဒါ ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ ဘာမိန်းစတီဗင်းကို ပထမအချီမှာတင် အနိုင်ရရှိခဲ့ပြီး နောက်ထပ်ပွဲစဉ်အဖြစ် ဂျိုရွှာနဲ့ထိုး သတ်ဖို့ ဆန္ဒပြင်းပြနေတာလည်း ဖြစ်ပါတယ်။ “ ဘယ်သူကအကောင်းဆုံးလဲဆိုတာကို ပြချင်တယ်။ ကျတော် လုပ်ချင်တာဒါပါပဲ။” လို့ ဝိုင်ဒါက Sky Sports ကိုပြောပါတယ်။
ဝိုင်ဒါက ဆက်လက်ပြောကြားခဲ့ရာမှာတော့ -” အကောင်းဆုံး ၂ ယောက်ထိုးသတ်တဲ့ အခမ်းနားဆုံးပွဲစဉ်ကို ပရိသတ်တွေ ကို ကြည့်စေချင်တယ်။သူတို့ဘက်က တစ်ခုခုကို တုန်လှုပ်နေတယ်လို့ထင်တယ်။ ကျတော့်လို နာမည်သိပ်မရှိတဲ့ကစားသမားမျိုးနဲ့ သူ ထိုးမယ် ဆိုရင် ထိုးလို့ရပါတယ်။ ဘာလို့များ တွန့်ဆုတ်နေကြ တာလဲ?” လို့ဆိုပါတယ်။

In case y’all forgot… ??? #BombZquad #WilderStiverne2 #PBConShowtime @premierboxing @showtimeboxing

A post shared by Deontay Wilder (@bronzebomber) on Nov 9, 2017 at 9:15am PST

ဝိုင်ဒါဟာ ဂျိုရွှာဆီမှ WBA စူပါဝိတ်တန်း ၊ IBF ချန်ပီယံဆုတွေကို လွှဲပြောင်းရယူဖို့ မျှော်မှန်းထားပြီး WBC ဆုတံဆိပ်ကို သူ့ရဲ့ အောင်မြင်မှုထဲ ထပ်ထည့်ဖို့ ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့လက ဂျိုရွှာဟာ ကာဒစ်ဖ်မှာထိုးသတ်ခဲ့တဲ့ပွဲမှာ ကားလို့စ်တာကန် ကို(၁၀)ချီမြောက်အတွင်း အနိုင်ရခဲ့ပြီး တစ်ပတ်အကြာမှာပဲ ဝိုင်ဒါက ဘာမိန်းစတီဗင်ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။”
ပြီးခဲ့တဲ့လကဂျိုရွှာဟာ နိုင်ပွဲရယူခဲ့ပေမယ့် ဒါဟာ သူ့ရဲ့ အကောင်းဆုံးပုံစံမဟုတ်ပါဘူး။ ကျတော်နဲ့မထိုးခင် သွေးပူလေ့ကျင့်ခန်းအနေနဲ့ တစ်ပွဲ အရင်ထိုးသတ်သင့်ပါတယ်။” လို့ ဝိုင်ဒါက ပြောပါတယ်။ ဘာမိန်းစတီဗင်းကတော့ ဝိုင်ဒါကို ပထမအချီမှာ တင်ရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေက အားမရခဲ့ဘဲ ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။ ဝိုင်ဒါကတော့ သူ့ရဲ့ အမာခံပရိသတ်တွေကို မွေးရပ်မြေ Alabama မှာ အောင်ပွဲခံဖို့ ကြိုးစားနေပေမယ့်လည်းပရိသတ်တွေကတော့ ဂျိုရွှာရဲ့အဆင့်အတန်းဟာ ထိပ်တန်းအဆင့်မှာ ရှိနေလို့ မေးခွန်းထုတ်နေကြပါတယ်။”
ဟဲဗီးဝိတ် လောကဟာ တစ်ချိန်က အမှောင်ထဲ မှာ ကျရောက်နေပေမယ့် ခုတော့ ရောင်နီသန်းလာပါပြီ ။ ခုချိန်မှာ စိတ်လှုပ်ရှားနေတာကြောင့် ထပ်ပြီး စိတ်လှုပ်ရှားစရာအချိန်တွေကို မစောင့်နိုင်တော့ ပါဘူး” လို့ ဝိုင်ဒါက ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။