ဂျိုရွှာနှင့် ပါကားတို့ထိုးသတ်မည့်ပွဲစဉ်ကို လာမည့် နှစ်ပတ်အတွင်း အတည်ပြုမည်

Thet Htet Lin

ပရိသတ်အများမျှော်လင့်စောင့်စားနေကြတဲ့ ဂျိုရွှာနဲ့ ဂျိုးဆပ်ပါကားတို့ ထိုးသတ်မယ့်ပွဲစဉ်ကို လာမယ့် နှစ်ပတ်အတွင်း အတည်ပြုနိုင်မှာဖြစ်ကြောင်း ပရိုမိုတာ အယ်ဒီဟန်းက ပြောကြားခဲ့ပါတယ်။

WBA နဲ့ IBF ချန်ပီယံ ဂျိုရွှာဟာ ပြီးခဲ့တဲ့နွေရာသီက ဒီယွန်တေးဝိုင်ဒါနဲ့ထိုးသတ်ဖို့ စီစဉ်ခဲ့ဘူးပြီး လက်ရှိချိန်မှာတော့ ဂျိုးဆပ်ပါကားရဲ့ WBO ချန်ပီယံဆုကို ရယူဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

အစကတော့ ဂျိုးဆပ်ပါကားက သူ့အနေနဲ့ ပြိုင်ပွဲဆုကြေးငွေရဲ့ (၄၀)ရာခိုင်နှုန်းကို ရယူဖို့တောင်းဆို ခဲ့တာကြောင့် သူတို့နှစ်ယောက်ကြား ဆွေးနွေးညှိနှိုင်းမှုတွေဟာ အဆင်မပြေဖြစ်ခဲ့တာလည်းဖြစ်ပါ တယ်။

ဒါပေမယ့်လည်း နောက်ဆုံးဆွေးနွေးမှုတွေအပြီးမှာတော့ သူတို့နှစ်ဦးထိုးသတ်မယ့်ပွဲစဉ်ဟာ အနီးစပ် ဆုံးအခြေအနေတစ်ခုကိုရောက်ခဲ့ပြီဖြစ်ကြောင်း အယ်ဒီဟန်းက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“ လာမယ့်နှစ်ပတ်အတွင်း ဒီပွဲစဉ်အတွက် ကျွန်တော်တို့ အတည်ပြုသွားပါ့မယ်။ ပါကားရဲ့ ပရိုမိုတာ ဖြစ်တဲ့ ဒေးဗစ်ဟစ်ဂင် အနေနဲ့လည်း နောက်တစ်ပတ်မှာ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ ဒီကိုလာပါလိမ့် မယ်။ တစ်ခါတစ်တစ် အနီးစပ်ဆုံးအခြေအနေကိုရောက်ပြီဆိုရင် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှ ရပါမယ်။ သေချာဆွေးနွေးပြီးမှ သဘောတူညီမှုတွေ ယူရပါမယ်။ ဂျိုရွှာအတွက် ပါကားနဲ့ ၀ိုင်ဒါဟာ အကောင်းဆုံးပြိုင် ဘက်တွေပါ။ လက်ရှိချိန်မှာတော့ ပါကားနဲ့ထိုးသတ်မယ့်ပွဲက ပိုပြီးနီးစပ်နေပါ တယ်။ ” လို့ ပရိုမိုတာဖြစ်သူ အယ်ဒီဟန်းကပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။