ပါကားရဲ့လက်သီးထိုးချက်တွေဟာရာနှုန်းပြည့်ထက်ကျော်လွန်ခဲ့ပြီဖြစ်ကြောင်းမာလစ်စကော့ပြောကြား

Thet Htet Lin

ဂျိုးဆပ်ပါကားနဲ့အတူ ပူးတွဲလေ့ကျင့်နေတဲ့ မာလစ်စကော့က သူ့ကစားသမားရဲ့ လက်သီးထိုးချက် စွမ်းအားတွေဟာ ရာနှုန်းပြည့်ကို ကျော်လွန်ကာ (၁၂၀)ရာခိုင်နှုန်းလောက်ပင် ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။ ပါကားဟာ ဂျိုဟွာနဲ့ပွဲအတွက် လေ့ကျင့်နေတာလည်းဖြစ်ပါတယ်။

ဂျိုးဆပ်ပါကားဟာ အဆိုပါပွဲစဉ်မတိုင်ခင် တံတောင်ဆစ်(၂)ဖက်စလုံးကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့ အဖွဲ့သားတွေက အတည်ပြုခဲ့ပါတယ်။ ဂျိုးဆပ်ပါကားနဲ့ ဂျိုဟွာတို့ရဲ့ ပွဲစဉ် ကို လာမယ့် မတ်လ (၃၁)ရက်နေ့မှာ ကာဒစ်ဖ်မှာ ထိုးသတ်သွားမှာလည်းဖြစ်ပါတယ်။

မာလစ်စကော့ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပါကားနဲ့ ဟူဂီဖျူရီ တို့ ထိုးသတ်တဲ့ ပွဲစဉ် အတွက် ပါကားနဲ့ အတူ ပူးတွဲလေ့ကျင့်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ခွဲစိတ်ကုသမှုတွေ အပြီးမှာ ပါကားရဲ့ လက်သီးချက်တွေဟာ ပိုပြီးမြန်ဆန် လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“ ဖျူရီနဲ့ ထိုးသတ်တဲ့ပွဲတုန်းကတော့ ကျွန်တော်တို့မှာ ပူးတွဲလေ့ကျင့်တဲ့အချိန်တွေ အများကြီး ရှိခဲ့ ပါတယ်။ ” လို့ မာလစ်စကော့က Sky Sports ကိုပြောပါတယ်။

“ လက်ရှိချိန်မှာ တံတောင်ဆစ် ၊ ပုခုံး စတဲ့ အစိတ်အပိုင်းတွေဟာ ပြဿနာမဟုတ်တော့ပါဘူး။ အခု အရေးအကြီးဆုံးက ခြင်္သေ့နှစ်ကောင် အားပြိုင်ကြမယ့်ပွဲ ၊ ခမ်းနားတဲ့ ချန်ပီယံနှစ်ယောက် အားပြိုင်ကြ မယ့်ပွဲပါ။ ဒီလိုပွဲမျိုးကိုကြည့်ဖို့ ကျွန်တော် ထပ်မစောင့်နိုင်တော့ဘူး။ ” လို့ မာလစ်စကော့က ပြောပါ တယ်။

“ ခုဆို စွမ်းရည်တွေကလည်း ကွာလာပါပြီ။ အရင်တုန်းကဆိုရင် သူ့ ထိုးချက်က (၇၀)ရာခိုင်နှုန်း လောက် ပဲရှိတယ်။ အခုဆိုရင် အဲဒါက ရာနှုန်းပြည့်ကိုကျော်လို့ (၁၂၀)ရာခိုင်နှုန်း လောက်ရှိနေပါပြီ။ ကျွန်တော်ဘာလို့ပြောနိုင်ရတာလဲ။ ဘာလို့လဲဆိုတော့ ပါကားမှာ ဒီလို စွမ်းရည်မျိုး တစ်ခါမှမရခဲ့ဖူးဘူး ဆိုတာကို ကျွန်တော်သိပါတယ်။ သူ့မှာက အမြဲအတိအကျကိုက်ညီတဲ့ စွမ်းရည် မျိုးပဲရှိခဲ့တယ်။ တံတောင်ဆစ်ပြဿနာတချို့ကြောင့် ထိုးချက်အရှိန်နှုန်း ကျဆင်းခဲ့တယ်။ ”

“ ခုဆို တံတောင်ဆစ်ကလည်း အဆင်ပြေသွားပါပြီ။ လက်သီးအရှိန်လည်း ပြန်ရလာပြီ။ ဆိုလိုတာက သူပစ်မှတ်ထားတဲ့ပြိုင်ဘက်ကို ပိုပြီး မြန်မြန် ထိုးသတ်လာနိုင်ပြီပေါ့။ တစ်ခါမှ မမြင်ခဲ့ဘူးတဲ့ ပြိုင်ဘက်ကို ပိုပြီး အထိနာစေမယ့် ၊ ပိုပြီး အလဲထိုးနိုင်မယ့် ထိုးချက်မျိုးတွေ သူ့မှာရှိနေပါပြီ။ ” လို့ လည်း မာလစ်စကော့က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂျိုဟွာ ကလည်း ခလစ်စခိုနဲ့ လေ့ကျင့်လျက်ရှိတာကြောင့် ပါကားအနေနဲ့ သတိကြီးစွာ ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျိုဟွာတစ်နေ့ အောင်မြင်လာဖို့ အဲဒီတုန်းကတည်းက သူခန့်မှန်းခဲ့ဘူးကြောင်း မာလစ်စကော့ကပြောပါတယ်။

မာလစ်စကော့ကပြောကြားရာမှာ – “ ဂျိုဟွာက ငယ်ငယ်တုန်းကတည်းက ခလစ်စခိုနဲ့ အတူ တွဲပြီး အများကြီးလေ့ကျင့်ခဲ့ဘူးတယ်။ အဲဒီတုန်းက ဂျိုဟွာ ဟာ တစ်နေ့ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာလိမ့်မယ် လို့ ကျွန်တော်ပြောခဲ့တယ်။ ခလစ်စခို နဲ့လေ့ကျင့်တာထက်ကို သူပိုပြီးလုပ်နိုင်ခဲ့တယ်။ နောက်(၂) နှစ်လောက်ကြာတော့ ဂျိုဟွာ က ခလစ်စခိုကို ကမ္ဘာ့အဆင့် ချန်ပီယံလုပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ”လို့ ဆိုပါတယ်။

မှတ်ချက်များ။