အယ်လ်ဗာရာဒိုနဲ့ ဧပြီလမှာ ထိုးသတ်သွားဖွယ်ရှိနေတဲ့ ပက္ကြီအို

မန္နီ ပက္ကြီအို ဟာ လာမယ့် ဧပြီလမှာ မိုက် အယ်ဗာရာဒိုနဲ့ ထိုးသတ်သွားဖွယ် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဧပြီလမှာပွဲ အခြား ချန်ပီယံလုပွဲ ပွဲစဉ်တစ်ခု ဖြစ်တဲ့ ဂျက်ဟွန်း နဲ့ တီရန်ဆီ ခရောဖို့ဒ် တို့ ထိုးသတ်မယ့် ပွဲစဉ်လည်းရှိနေခဲ့ တာကြောင့် ပက်ကွီအိုတို့ ပွဲစဉ်နဲ့ အဓိက ပြိုင်ဆိုင်မှု ဖြစ်လာနိုင်ပါတယ်။

ပက်ကွီအိုဟာ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လမှာ ဂျက်ဟွန်းနဲ့ ထိုးသတ်ခဲ့တဲ့ WBO ခါးပတ်လုပွဲ ရှုံးနိမ့်ခဲ့ပြီးတည်းက အနားယူနေခဲ့တာ ဖြစ်ပြီးအစောပိုင်းမှာ ဗာဆိုင် လိုမာချန်ကို နဲ့ ထိုးသတ်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အယ်လ်ဗာရာဒိုဟာလည်း ၂၀၁၃ ခုနှစ် မှာ ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့ဖူးသူ ဖြစ်ပြီး သူ့ရဲ့ ချန်ပီယံ ဘွဲ့ဟာ ၁၉ ရက်သာ ကြာမြင့်ခဲ့ပါတယ်။ လက်ရှိနောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေကတော့ ပက်ကွီယို ဒီတစ်ကြိမ် ထိုးသတ်မယ့် ပြိုင်ဘက်က အယ်လ်ဗာရာဒို ဖြစ်ပြီး ဧပြီ ၁၄ ရက်နေ့မှာ ထိုးသတ်သွားဖွယ် ရှိနေကြောင်း ဖော်ပြနေကျပါတယ်။

#TeamPacquiao ??

A post shared by Manny Pacquiao (@mannypacquiao) on Jan 26, 2018 at 6:39am PST

၂၀၁၅ ခုနှစ်မှာ ချန်ပီယံ လုပွဲစဉ်ထိုးသတ်ခဲ့ပြီး အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်မှာတော့ အယ်လ်ဗာရာဒို ဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပွဲစဉ် ၄ ပွဲဆက် နိုင်ပွဲ ရရှိနေခဲ့ပါတယ်။ ဒီပွဲစဉ်ကို သာ အရင်ထိုးသတ်ခဲ့မယ်ဆိုရင် New York Medison Square Garden မှာ ထိုးသတ်သွားမယ့် ဟွန်း နဲ့ ခရောဖို့ဒ် တို့ ပွဲစဉ်မှာ ပရိသတ် နည်းပါးမှု နဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။

ပက်ကွီအိုရဲ့ ပွဲစဉ်သူ ဖြစ်တဲ့ ဘော့အရမ်ကတော့ RingTV.com ကိုပြောကြားခဲ့ရာ မှာတော့ “ အယ်လ်ဗာရာဒိုနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှန်ကန်ဖို့ ရှိနေပါတယ်”

“ကျွန်တော်နဲ့ ပက်ကွီအိုတို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး လာမယ့် နွေဦးမှာ သူ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ရောက်လာမှာပါ” လို့ဆိုခဲ့ပါတယ်။

မှတ်ချက်များ။